Home Movies အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ

0
75

​”အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်”လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။

“ကျနော်တို့ဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို့ စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ကျင့်သုံးသွားမှာပါ” လို့ Newsmax သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ပြောသွားခဲ့တာပါ။

​Bessent က အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်မပြောသွားပေမဲ့ ဒီနည်းလမ်းတွေကို အမေရိကန်ရဲ့ အီရန်ရေကြောင်း ပိတ်ဆို့မှုတွေနဲ့ ပေါင်းစပ်ပြီး ပူးတွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here