Home Movies အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို ဧရာဝတီအက်ဖ်စီ ခေါ်ယူ

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို ဧရာဝတီအက်ဖ်စီ ခေါ်ယူ

0
80

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။

McKenna Davidson သည် ဥရောပအမျိုးသမီးချန်ပီယံလိဂ် (UEFA Women’s Champions League) ပြိုင်ပွဲအပါအဝင် ဥရောပနှင့် အာရှကလပ်အသင်းများတွင် ပါဝင်ကစားခဲ့ဖူးပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိသည့် ကစားသမားတစ်ဦးဖြစ်သည်။

အသင်း၏ ထုတ်ပြန်ချက်အရ Davidson သည် တောင်ပံတိုက်စစ်နှင့် ခံစစ်ပိုင်းနေ ရာများတွင် ကစားနိုင်သူဖြစ်ပြီး ၎င်း၏ နိုင်ငံတကာအတွေ့အကြုံနှင့် ခြေစွမ်းဖြင့် ဧရာဝတီအက်ဖ်စီ၏ တိုက်စစ်နှင့် ခံစစ်ပိုင်းကို ပိုမိုအားကောင်းလာစေရန် အ ထောက်အကူပြုနိုင်မည်ဟု ယုံကြည်ထားကြောင်း သိရသည်။

ဧရာဝတီအက်ဖ်စီအနေဖြင့် လာမည့် AFC Women’s Champions League ပြိုင်ပွဲအ တွက် အသင်းအင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်နေပြီး McKenna Davidson သည် ယင်းပြိုင်ပွဲတွင် အသင်းအတွက် ပါဝင်ကစားပေးသွားမည်ဖြစ် သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here