ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိအချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးကြောင်း ဇွန် ၆ ရက်တွင် ပြောကြားလိုက်ပြီး စစ်ပွဲအဆုံးသ-တ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး တို-က်ရို-က်တွေ့ဆုံရန် ဇလန်းစကီး၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခုတွင် ပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက်၏ အခြေခံစည်းကမ်းချက်များကို သဘောတူညီမှုမရသေးသည့် အခြေအနေတွင် ဇလန်းစကီးနှင့် တွေ့ဆုံခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားအနေဖြင့် မိမိတို့ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အောင်မြင်သည်အထိ စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း အလေးထားပြောဆိုခဲ့သည်။
ရုရှားက ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသကို ထိန်းချုပ်ခွင့်ရရှိရေးနှင့် ယူကရိန်း၏ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များ ချမှတ်နိုင်ရေးကို တောင်းဆိုထားသော်လည်း ယင်းသတ်မှတ်ချက်များသည် လက်နက်ချရန် ဖိအားပေးမှုနှင့် တူညီသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံမဟာမိတ်များက ပယ်ချထားသည်။
အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း နှစ်ဖက်အကြား သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးအတွက် ထင်ရှားသော တိုးတက်မှုများ မတွေ့ရသေးပေ။
ယူကရိန်းသမ္မတ ဇလန်းစကီးက ဇွန် ၅ ရက်တွင် ရုရှားသမ္မတ ပူတင်ထံ တို-က်ရို-က်တွေ့ဆုံဆွေးနွေးပြီး စစ်ပွဲအဆုံးသတ်ရန် အဆိုပြုထားကာ တွေ့ဆုံမည့် ရက်စွဲတစ်ရပ် သတ်မှတ်ရန်လည်း တောင်းဆိုခဲ့သော်လည်း ပူတင်က နောက်တစ်ရက်အကြာတွင် ယင်းတောင်းဆိုချက်ကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေကြောင့် လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများမှာ ဆက်လက်ကြန့်ကြာဖွယ်ရှိနေကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
Ref: CNA
