Saturday, June 6, 2026

စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန်...

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျ-က်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆိုတစ်ရပ်ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင်...

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု...

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား...

ဇလန်းစကီးနှင့် တွေ့ဆုံရန် အကြောင်းမရှိသေးဟု ပူတင်ပြော၊...

ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိအချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးကြောင်း ဇွန် ၆ ရက်တွင် ပြောကြားလိုက်ပြီး စစ်ပွဲအဆုံးသ-တ်ရေးအတွက်...

မေလအတွင်း ဟော်မုဇ်ရေလက်ကြားကနေ အမေရိကန်ဦးဆောင်ပြီး သင်္ဘောအစီး...

ပြီးခဲ့တဲ့လတုန်းက အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ အရပ်ဘက် ကုန်တင်သင်္ဘော အစီးရေ ၁၀၀ ကျော်ကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီညှိနှိုင်းပေးခဲ့တယ်လို့ သည်နယူးယောက်တိုင်းမ်...
HomeNewsLocal Newsကပေါ်ထော့အထက်တန်းကျောင်း ငါးနှစ်အကြာ ပြန်ဖွင့်နိုင်ရေး...

ကပေါ်ထော့အထက်တန်းကျောင်း ငါးနှစ်အကြာ ပြန်ဖွင့်နိုင်ရေး BGF နှင့် ဒေသခံများ စုပေါင်းရှင်းလင်း

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနတောင်ခြေ အတွင်းကွင်းကလေးဒေသရှိ ကပေါ်ထော့အထက်တန်းကျောင်းကို ငါးနှစ်ခန့် ပိတ်ထားခဲ့ရပြီးနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် BGF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် နှစ်ရှည်ပိတ်ထားခဲ့ရသည့် အဆိုပါကျောင်းတွင် ဇွန် ၅ ရက်က BGF အမှတ်(၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူး စောထူး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၅၀ ကျော်၊ အတွင်းကွင်းကလေး(နို့ဖိုး)၊ အပြင်ကွင်းကလေး(ထိမူထ)နှင့် အတွင်းမဲကနယ်ကျေးရွာများမှ ဒေသခံ ၁၅၀ ကျော်တို့ ပူးပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ရှင်းလင်းရေးလုပ်ငန်းများတွင် ကျောင်းဆောင်များနှင့် စာသင်ခန်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာရေးစားပွဲနှင့် ခုံများ ဆေးကြောသန့်စင်ခြင်း၊ ပေါင်းမြက်နှင့် ခြုံနွယ်များ ရှင်းလင်းခြင်းတို့ကို လူအား၊ စက်အား အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကပေါ်ထော့အထက်တန်းကျောင်းသည် ဒေသတွင်း လုံခြုံရေးအခြေအနေများကြောင့် ငါးနှစ်ခန့် စာသင်ကြားနိုင်ခြင်းမရှိဘဲ ပိတ်ထားခဲ့ရသော်လည်း လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- Nay Naw FB

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အဆို မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျ-က်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆိုတစ်ရပ်ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ ဇွန် ၅ ရက် နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေးတွင် အဆိုအား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သင့်မသင့် သဘောထားရယူရာ သဘောတူညီချက်ရရှိခဲ့သဖြင့် အဆိုကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်ရက်ကိုလည်း လွှတ်တော်က ကြေညာခဲ့သည်။ ထို့ပြင် အစည်းအဝေးအတွင်း...

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည်

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား ပြန်လည်တူးဖော်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။ ဇွန် ၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ မေးခွန်းကို ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့...

ဇလန်းစကီးနှင့် တွေ့ဆုံရန် အကြောင်းမရှိသေးဟု ပူတင်ပြော၊ စစ်ရေးရည်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်မည်ဟုဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိအချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးကြောင်း ဇွန် ၆ ရက်တွင် ပြောကြားလိုက်ပြီး စစ်ပွဲအဆုံးသ-တ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး တို-က်ရို-က်တွေ့ဆုံရန် ဇလန်းစကီး၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခုတွင် ပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက်၏ အခြေခံစည်းကမ်းချက်များကို သဘောတူညီမှုမရသေးသည့် အခြေအနေတွင် ဇလန်းစကီးနှင့် တွေ့ဆုံခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားအနေဖြင့် မိမိတို့ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အောင်မြင်သည်အထိ စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း အလေးထားပြောဆိုခဲ့သည်။ ရုရှားက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071