Home News Local News စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အဆို မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အဆို မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

0
79

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျ-က်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆိုတစ်ရပ်ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

ဇွန် ၅ ရက် နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေးတွင် အဆိုအား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သင့်မသင့် သဘောထားရယူရာ သဘောတူညီချက်ရရှိခဲ့သဖြင့် အဆိုကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်ရက်ကိုလည်း လွှတ်တော်က ကြေညာခဲ့သည်။

ထို့ပြင် အစည်းအဝေးအတွင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၁၅) ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here