Wednesday, June 10, 2026

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း...

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌...

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ...

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ...

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန်...

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း...
HomeNewsLocal Newsဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။

ယနေ့ ဇွန်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယနေ့ပုံမှန်အစည်းအဝေးတွင် ၎င်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

“တပ်ကုန်းမြို့မှာ ရပ်ကွက်ပေါင်း ၆ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၄၉ စု၊ ကျေးရွာပေါင်း ၁၇၆ ရွာ လူဦးရေ ၂ သိန်း ၇ သောင်းကျော်နေထိုင်ပါတယ်။ သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဖြတ်သန်းဆက်သွယ်ထားတဲ့ ပေ ၄၀၀ ရှိတဲ့ ဆင်‌ေ-သချောင်းကူးတံတားဟာ ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးသွားသလို ရေကြီးတိုင်း ပျ-က်စီးတာ ၅ ခါရှိပါပြီ။ မည်သည့်အချိန်မှာ အသစ်ပြန်လည်တည်ဆောက်မလဲဆိုတာကို သိချင်ပါတယ်” ဟု ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

ယင်းမေးခွန်းအဖြေကို နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က “သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေကျပ် ၂၂၂၅ သန်း ရှိသည့်အနက်၂၀၂၅-၂၀၆ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သန်း ၈၀၀ အပြင် ဘေလီသံဘောင်ပစ္စည်းများဝယ်ယူပြီးဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ပြည်သူ့ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေမှ ကျပ် ၁၄၂၅ သန်းအပြင် အရှည် ၄၀၀ ပေ၊ အကျယ် ၁၃ ပေရှိ ဘေလီတံတားပထမပိုင်း တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရာဂီမုန်တိုင်းကြောင့် ကမ်းပါးပြိုကျပျ-က်စီးသွားခြင်းကြောင့် မူလသတ်မှတ်ထားတဲ့ ပေ ၄၀၀ အစား ပေ ၉၅၀ ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ပေ ၅၅၀ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီငွေလုံးငွေရင်း ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး ဆက်လက်လျာထားဆောင်ရွက်သွားမည်” ဟုပြန်လည်ဖြေကြားခဲ့သည်။

ဆင်‌ေ-သချာင်းတံတား ခေါ် သိုက်ချောင်းတံတားသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆင်‌ေ-သချောင်း (သို့) သိုက်ချောင်းကို ဖြတ်ကူးတည်ဆောက်ထားသည့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် တံတားတစ်စင်း ဖြစ်သည်။

အဆိုပါ တံတားကို ရန်ကုန်–မန္တလေး လမ်းဟောင်းဘက်သို့ သွားလာရာတွင် အသုံးပြုကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတိပေး

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။ ​အဆိုပါ ကာလအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့် (၂၀.၀၁) ပေမှ (၂၀.၀၄) ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော်လည်း ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် အခြေခံရေစစ်မျဉ်းအထက် (၂၂) ပေခန့်အထိ တက်ခဲ့ဖူးသည့် သာဓ ကများရှိခဲ့သဖြင့်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန် တိုက်တွန်း

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ “အောင်စာရင်း ကြိုသိပေးမည်” ၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်” ၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စသည့် စာသားများဖြင့် ခုံအမှတ်များ တောင်းယူကာ ငွေကြေး လိမ်လည်တောင်းခံမှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အသိပေးထားသည်။ ထို့ပြင် အချို့သော လိမ်လည်သူများသည် အကောင့်တုများ အသုံးပြု၍ “ကြည့်ပေးတာ...

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ဇွန် ၈ ရက်မှစတင်၍ တရားမဝင် ရထားလမ်းကူးနေရာများကို ခြံစည်းရိုးများခတ်ကာ လိုက်လံပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဇူလိုင်လအတွင်း ပြေးဆွဲမည့် မော်လမြိုင်-ရန်ကုန် DEMU ရထား၏ လုံခြုံစိတ်ချရသော ပြေးဆွဲမှုကို အထောက်အကူပြုနိုင်ရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “တရားမဝင် ရထားလမ်းကူးတဲ့နေရာတွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071