Home Movies အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန် အာဆီယံအစည်းအဝေးတွင် အကြံပြုဆွေးနွေး

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန် အာဆီယံအစည်းအဝေးတွင် အကြံပြုဆွေးနွေး

0
101

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ဇွန် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအတွင်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မူဘောင်အသီးသီးအောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းအသိပေးတင်ပြခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးများသည် မကြာမီကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အဆင့်မြင့်အရာရှိကြီးများက လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ အနာဂတ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here