Wednesday, June 10, 2026

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ...

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ...

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန်...

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း...

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန်...

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင်...
HomeMoviesငွေသားနှင့် KBZPay တစ်ဝက်စီဖြင့်...

ငွေသားနှင့် KBZPay တစ်ဝက်စီဖြင့် နိုင်ငံတော်အစိုးရက စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

မေ ၂၆၊ ၂၀၂၆

မြန်မာ့စီးပွားရေး၏ အဓိကကဏ္ဍ ဖြစ်သော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) က စိုက်ပျိုးစရိတ်ချေးငွေများကို စနစ်သစ်တစ်ရပ်ဖြင့် စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ချေးပေးမည့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများထံ ပေးအပ်ရာတွင် ယခင်နှစ်များကဲ့သို့ ငွေသားသက်သက်မဟုတ်ဘဲ စနစ်သစ်အနေဖြင့် ငွေသား ၅၀ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ငွေကြေး (E-money) ၅၀ ရာခိုင်နှုန်း ခွဲဝေကာ အချိုးကျ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်ကို ကနဦး စမ်းသပ်ကာလ (Pilot Project) အဖြစ် ခရိုင်မြို့နယ် ၁၆ ခုတွင် မြေပြင်ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုစမ်းသပ်ကာလအတွင်း တောင်သူလယ်သမား ၈၀,၀၀၀ ကျော်အား လယ်တစ်ဧကလျှင် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် အများဆုံး ချေးငွေကျပ်သိန်း ၃၀ အထိ ခွဲဝေထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဤသို့ အစိုးရက ဒီဂျစ်တယ်စနစ်ဖြင့် ချေးငွေထုတ်ချေးရန် စီမံလာသည့်အပေါ် ကျေးလက်ဒေသ၏ အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းနှင့် နည်းပညာပိုင်း ချိတ်ဆက်ပေးနိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများအနက် ကမ္ဘောဇဘဏ်က ပထမဆုံး ပူးပေါင်းပါဝင်လာကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် ကမ္ဘောဇဘဏ်နှင့် KBZPay ဝန်ထမ်းများသည် ကျေးရွာများအထိ ကိုယ်တိုင်ကွင်းဆင်းကာ နည်းပညာနှင့် အသားမကျသေးသည့် တောင်သူဦးကြီးများနှင့် ဒေသခံအေးဂျင့်များအား ဒီဂျစ်တယ်နည်းပညာ အသုံးပြုပုံသင်တန်းများနှင့် အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တောင်သူများအနေဖြင့် လက်ခံရရှိမည့် E-money ၅၀ ရာခိုင်နှုန်းကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုကွန်ရက်များမှတစ်ဆင့် ငွေသားပြန်ထုတ်ယူနိုင်ရန်နှင့် တိုက်ရိုက်အသုံးပြုကာ မြေသြဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများကိုပါ အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ဇွန် ၈ ရက်မှစတင်၍ တရားမဝင် ရထားလမ်းကူးနေရာများကို ခြံစည်းရိုးများခတ်ကာ လိုက်လံပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဇူလိုင်လအတွင်း ပြေးဆွဲမည့် မော်လမြိုင်-ရန်ကုန် DEMU ရထား၏ လုံခြုံစိတ်ချရသော ပြေးဆွဲမှုကို အထောက်အကူပြုနိုင်ရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “တရားမဝင် ရထားလမ်းကူးတဲ့နေရာတွေကို...

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန် အာဆီယံအစည်းအဝေးတွင် အကြံပြုဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ဇွန် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးအတွင်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မူဘောင်အသီးသီးအောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို အကြံပြုဆွေးနွေးခဲ့ကြသည်။ထို့ပြင် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းအသိပေးတင်ပြခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးများသည် မကြာမီကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်...

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန် CENTCOM ကြေညာ

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) တပ်ဖွဲ့များသည် ဇွန်လ ၉ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အရ၊ မနေ့က အမေရိကန်စစ်တပ်၏ Apache ရဟတ်ယာဉ်ကို ပ-စ်ချခဲ့မှုအား တုံ့ပြန်သည့်အနေဖြင့် အီရန်အပေါ် မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှုများကို ပြီးဆုံးခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "CENTCOM တပ်ဖွဲ့များသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် စောင့်ကြည့်ထောက်လှမ်းရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071