Home News Local News ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု စစ်ဆေးတွေ့ရှိ၊ ကျပ် ၇.၉၀၇ ဘီလီယံ ပေးလျော်ရန်နှင့် အမှုဖွင့်အရေးယူ ဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား...

ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု စစ်ဆေးတွေ့ရှိ၊ ကျပ် ၇.၉၀၇ ဘီလီယံ ပေးလျော်ရန်နှင့် အမှုဖွင့်အရေးယူ ဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား ယူနစ် ၁၀.၄၆၈ သန်းအတွက် လျော်ကြေးပေးလျော်ရမည်

0
116

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ်စက်မှုဇုန်ရှိ “777” ပလတ်စတစ်စက်ရုံ၌ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆုံးရှုံးခဲ့သည့် ဓာတ်အားယူနစ် ၁၀.၄၆၈ သန်းအတွက် လျော်ကြေးငွေ ကျပ် ၇.၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရန်နှင့် လျှပ်စစ်ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်တွင် အဆိုပါစက်ရုံ၌ တပ်ဆင်ထားသည့် 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင်ထားသော မီတာတွင် Alarm ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများပါဝင်သည့် ငါးဦးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း သက်သေအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိခဲ့သဖြင့် မီတာကို ချက်ချင်းဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား ယူနစ် ၁၀.၄၆၈ သန်းအတွက် ကျသင့်လျော်ကြေးငွေ ကျပ် ၇.၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရေးနှင့် လျှပ်စစ်ဥပဒေအရ အရေးယူနိုင်ရေးအတွက် စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နှင့် စက်ရုံမန်နေဂျာ ဦးကြည်လှိုင်တို့ကို လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။