Wednesday, September 23, 2026

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး...

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့်...

ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊...

ဘုရားဖူးယာဉ်များ နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ ထွက်ခွာရန်၊ ခရီးသည်များ NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန် နှိုးဆော် ရန်ကုန်၊ စက်တင်ဘာ...

ကျောက်တုံးကြီး လိမ့်ကျမှုအပြီး တောင်ကြီး ဘုရားတောင်ရှိ...

သတ္တုတွင်းဦးစီးဌာနရုံးကို ယာယီပြောင်းရွှေ့ထားပြီး စစ်ဆေးချက်ရလဒ်အပေါ်မူတည်၍ ဘေးအန္တရာယ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်မည် တောင်ကြီး၊ စက်တင်ဘာ ၂၃ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာနရုံးအဆောက်အအုံ ပျ-က်စီးခဲ့သည့် ဘုရားတောင် ကျောက်တုံးကြီးလိမ့်ကျမှုဖြစ်စဉ်အပြီး တောင်ထိပ်ရှိ...

ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ်စက်မှုဇုန်ရှိ “777” ပလတ်စတစ်စက်ရုံ၌ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း...
HomeNewsLocal Newsအားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ခြင်းမရှိ၊

အားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ခြင်းမရှိ၊

စက်တင်ဘာ ၂၅ ရက်အထိ ဒေသအချို့ မိုးဆက်ရွာမည် မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်၍ ရေကြောင်းနှင့် ရေလုပ်ငန်းများ သတိပြုရန် မိုးဇလအသိပေး နေပြည်တော်၊ စက်တင်ဘာ ၂၃ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဘဲ အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားပြီး အနောက်နှင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ အန္ဓရပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၂၅ ရက်အတွင်း စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ရခိုင်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တို့တွင် လှိုင်းကြီးနိုင်သဖြင့် လေကြောင်း၊ ရေကြောင်းနှင့် ရေလုပ်ငန်းများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး သေဆုံး

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၉ နှစ်အရွယ် ဘောလုံးကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက Lion City အသင်းနှင့် တောင်ပေါ်သားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ဒုတိယပိုင်း အချိန်ပို ၆ မိနစ်ကျော်အရောက်၌...

ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် DPTOA အသိပေး

ဘုရားဖူးယာဉ်များ နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ ထွက်ခွာရန်၊ ခရီးသည်များ NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန် နှိုးဆော် ရန်ကုန်၊ စက်တင်ဘာ ၂၂ ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ခရီးသည်များ၏ မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) က စက်တင်ဘာ ၂၁ ရက်တွင် အသိပေးနှိုးဆော်ထားသည်။ ထို့ပြင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) သို့မဟုတ် ရဲစခန်းမှ ခရီးသွားထောက်ခံစာ ယူဆောင်လာကြရန်နှင့် ခရီးသွားလမ်းညွှန်...

ကျောက်တုံးကြီး လိမ့်ကျမှုအပြီး တောင်ကြီး ဘုရားတောင်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေ ပညာရှင်များ စစ်ဆေး

သတ္တုတွင်းဦးစီးဌာနရုံးကို ယာယီပြောင်းရွှေ့ထားပြီး စစ်ဆေးချက်ရလဒ်အပေါ်မူတည်၍ ဘေးအန္တရာယ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်မည် တောင်ကြီး၊ စက်တင်ဘာ ၂၃ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာနရုံးအဆောက်အအုံ ပျ-က်စီးခဲ့သည့် ဘုရားတောင် ကျောက်တုံးကြီးလိမ့်ကျမှုဖြစ်စဉ်အပြီး တောင်ထိပ်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေရှိ၊ မရှိကို ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သည့် အထူးအဖွဲ့က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ကျောက်တုံးကြီးလိမ့်ကျမှုကြောင့် သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံတစ်လုံး ပျ-က်စီးခဲ့ပြီး ထပ်မံပြိုကျလာနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အဆိုပါရုံးကို အခြားနေရာသို့ ယာယီပြောင်းရွှေ့ထားပြီးဖြစ်သည်။ လက်ရှိတွင် တောင်ကြီး ဘူမိဗေဒဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာများပါဝင်သည့် ပညာရှင်အဖွဲ့က ကျောက်တုံးပြိုကျခဲ့သည့်နေရာနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071