Saturday, September 19, 2026

CNN, MS NOW နဲ့...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍...

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့...

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊...

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း...
HomeCelebrities' Newsဂီတနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ ရဲ့...

ဂီတနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ ရဲ့ လွှမ်းမိုးမှုတွေအများကြီးရှိခဲ့တဲ့ မို့မို့

 

ငယ်စဉ်ကတည်းက မိခင်ဖြစ်သူတေးသံရှင်ကြီး ဖြူသီရဲ့ တေးသီချင်းတွေ နားထောင်ပြီးကြီးပြင်းလာခဲ့ရတဲ့ သူကတော့ မို့မို့ပဲဖြစ်ပါတယ်။ သူဟာ မိခင်ကို အားကျတဲ့စိတ်နဲ့ အဆိုတော်ဖြစ်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့သလို သီချင်းတွေ ကိုလည်း ဝါသနာပါခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ငယ်စဉ် ဘဝမှာ မိခင်ဖြစ်သူရဲ့ လွှမ်းမိုးမှုကများစွာရှိခဲ့တယ်လို့ သိရပါတယ်။

“အရင်တုန်းက သီချင်းဆိုရင်လည်း မေ့မေ့သီချင်းတွေကိုပဲ သီဆိုခဲ့တာ။ မေ့မေ့သီချင်းကိုပဲသိခဲ့တာ။ အသက်အရွယ်ကြီးလာတော့မှသာ တခြားလူတွေရဲ့ သီချင်းတွေကို နားထောင်ဖြစ်ခဲ့တာ။ ဒါကြောင့် မေ့မေ့ရဲ့ လွှမ်းမိုးမှုတွေအများ ကြီးရှိခဲ့တယ်။ ပြီးတော့ စီးရီးစသွင်းခဲ့တဲ့အချိန်မှာလည်း မေမေက အားလုံး သင်ပြပေးတယ်။ အစ်မကလည်း သိပ်မလုပ်တတ်ဘူးလေ။ မေမေကသီချင်းတွေ ကိုသေချာစိစစ်ပြီးတော့ ကြည့်ပေးတယ်”လို့ သူ့ရဲ့ငယ်ဘဝလွှမ်းမိုးမှုကို မို့မို့က ပြောပြပါတယ်။ သီချင်းသီဆိုတဲ့အခါမှာလည်း ကိုယ်ဆိုတတ်သလိုပဲ သီဆိုစေ ချင်ပြီး မာယာတွေသိပ်များတာမျိုးကို မကြိုက်ကြောင်း ကိုယ့်ရဲ့ခံစားမှုကိုလည်း အဓိကထားခိုင်းကြောင်း မိခင်ဖြစ်သူရဲ့ သင်ကြားပြသပေးမှုအပိုင်းကို ပြောပြ ပါတယ်။

မို့မို့က မိခင်ဖြစ်သူနဲ့အတူ စင်မြင့်ထက်မှာ ၃ ကြိမ်လောက် သီဆို ဖျော်ဖြေခဲ့ရပြီး မိခင်ဖြစ်သူနဲ့အတူတူ သီဆိုရတဲ့ခံစားမှုကိုလည်း သူက …

“မေမေက တအားကြောက်တတ်တယ်။ ဒါကြောင့် မှားသွားမှာ ကိုပဲ စိုးရိမ်နေတာပေါ့”လို့ ပြောပါတယ်။ သားအမိနှစ်ယောက်စီးရီးခွေ စီစဉ်နေတာမျိုးတော့မရှိဘဲ လတ်တလောမှာတော့ သူ့ရဲ့တစ်ကိုယ် တော်ဖျော်ဖြေပွဲကို အခွေအနေနဲ့ထုတ်ဖို့ စီစဉ်နေတယ်လို့ မို့မို့က ပြောပါတယ်။ မို့မို့က အရင်ကတည်းက ဖျော်ဖြေပွဲတွေမှာ ပါဝင် သီဆိုဖျော်ဖြေမှုနည်းပါးခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပိုနည်း သွားနိုင်ပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲလိုမျိုး ကိုယ်ကိုယ်တိုင်စိတ်ကြိုက် လုပ်ခွင့်ရတဲ့ပွဲမျိုးတွေကိုတော့ အဓိကထားသီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မို့မို့က တစ်ကိုယ်တော်အခွေအနေနဲ့လည်း စီစဉ်နေပြီး အဲဒီမတိုင်ခင်မှာတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ VCDကို ပရိသတ်တွေ ကြည့်ရှုနားထောင်ရမှာပဲဖြစ်ပါတယ်။

လင်းအက္ခရာ၊
ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071