Wednesday, September 23, 2026

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်နိုင်ရေး ဥပဒေပိုင်းဆိုင်ရာများ စိစစ်သုံးသပ်နေဟု...

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၂...

တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့၌ကျင်းပ

တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ...

ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးရန် မေးမြန်းမှုအပေါ်...

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘိုကလေးမဲဆန္ဒနယ်...

စက်သုံးဆီကို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြန်လည်တင်သွင်းခွင့်ပြုရန် စိစစ်ဆောင်ရွက်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၂ မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိ နယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများ ရှိနေသော်လည်း ယခင်တင်သွင်းခဲ့သည့် အခြေအနေများနှင့် အခြားနယ်စပ်စခန်းများမှ...
HomeNewsLocal Newsကြက်တူရွေး ကုလသမဂ္ဂ အထွေထွေညီလာခံ...

ကြက်တူရွေး ကုလသမဂ္ဂ အထွေထွေညီလာခံ ဗီဒီယိုကမ်ပိန်း အစ္စရေးစတင်

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမဆုံးနေ့ စတင်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အစ္စရေးအပေါ် “စနစ်တကျနဲ့ မှားယွင်းစွာ ဘက်လိုက်မှုတွေ” ကို ဖော်ထုတ်ပြသထားတဲ့ The UN’s Lie Industry(ကုလသမဂ္ဂရဲ့ လိမ်လည်မှု လုပ်ငန်းစဉ်) ဆိုတဲ့ ကမ်ပိန်းတစ်ခုကို နိုင်ငံရပ်ခြားရောက် ဂျူးလူမျိုးများရေးရာနဲ့ ဂျူးမုန်းတီးရေး တို-က်ဖျ-က်ရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးက အမျိုးသား ပြည်သူ့သံတမန်ရေးရာ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း စတင်လိုက်ပါတယ်။

အဲဒီကမ်ပိန်း ဗီဒီယိုထဲမှာ နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့ ကြက်တူရွေးတွေ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးထဲမှာ ပြည့်နေတာကို ပုံဖော်ထားပါတယ်။ ပြီးတော့ အဲဒီ ကြက်တူရွေးတွေက ‘အစ္စရေးကို အပြစ်တင်ကြ’ ဆိုတဲ့ စကားတစ်ခွန်းတည်းကိုပဲ တစ်ကောင်ပြီးတစ်ကောင် ထပ်ခါတလဲလဲ ရွတ်ဆိုနေကြတာပါ။

ဗီဒီယို ဆက်သွားတာနဲ့အမျှ အဲဒီအသံတွေက ပွားလာပြီး ခန်းမကြီး တစ်ခုလုံးမှာ ပဲ့တင်ထပ်လာကာ နောက်ဆုံးမှာတော့ ဒီစွပ်စွဲချက်တစ်ခုတည်းကိုပဲ ပြိုင်တူ သံပြိုင်ဟစ်ကြွေးနေတဲ့ အဖွဲ့ကြီးအဖြစ် ပြောင်းသွားတာကို မြင်ရမှာပါ။

ဗီဒီယိုရဲ့ အဆုံးမှာတော့ “အလိမ်အညာတွေကို ထပ်ခါတလဲလဲ ပြောနေရုံနဲ့ အမှန်တရား ဖြစ်မလာပါဘူး” ဆိုတဲ့ စာသားနဲ့ အဆုံးသတ်ထားပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးဟာ အစ္စရေးအပေါ် အသရေဖျက်မှုတွေ ထပ်ခါတလဲလဲ ပဲ့တင်ထပ်ရာ နေရာတစ်ခုအဖြစ် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ရပါတယ်။ ဒီအလိမ်အညာ စကားတွေဟာ တစ်ယောက်ပါးစပ်ကနေ တစ်ယောက်၊ အစီရင်ခံစာ တစ်ခုကနေ တစ်ခု၊ မိန့်ခွန်းတစ်ခုကနေ တစ်ခုကို ကူးစက်သွားပြီး နောက်ဆုံးမှာ လူတိုင်းလက်ခံထားတဲ့ အမှန်တရားတစ်ခုလို ဖြစ်လာအောင် ကြိုးစားလာကြတယ်” လို့ နိုင်ငံရပ်ခြားရောက် ဂျူးလူမျိုးများရေးရာနဲ့ ဂျူးမုန်းတီးရေး တို-က်ဖျ-က်ရေး ဝန်ကြီး Amichai Chikli က ပြောပါတယ်။

“ဒီဗီဒီယိုအသစ်က အဲဒီလို ထပ်ခါတလဲလဲ ပြောဆိုတတ်တဲ့ အလေ့အထကို ထိထိမိမိ မီးမောင်းထိုးပြထားတာပါ။ အလိမ်အညာတစ်ခုကို အကြိမ် ၁၀၀၀ ပြန်ပြောနေပါစေ အမှန်ဖြစ်မလာပါဘူး။ အစ္စရေးကို ဆန့်ကျင်ပြီး သံပြိုင်အော်နေကြတဲ့ နောက်ကွယ်က အချက်အလက်တွေကို ကျွန်တော်တို့ ဆက်ပြီး ဖော်ထုတ်သွားမှာပါ” လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ အဲဒီကမ်ပိန်းနဲ့ ဆက်စပ်ပြီး “ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေမှာ ပါဝင်နေတဲ့ အလိမ်အညာတွေနဲ့ ဘက်လိုက်မှုတွေ” ကို ဖော်ထုတ်ထားတဲ့ ဝဘ်ဆိုက်တစ်ခုကိုလည်း လွှင့်တင်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီဝဘ်ဆိုက်ကို အမျိုးသား လုံခြုံရေးကောင်စီ (NSC) နဲ့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေနောက်ပိုင်း အစ္စရေးနဲ့ပတ်သက်တဲ့ ဘက်လိုက်ထားတဲ့ အချက်အလက်တွေကို ဘယ်လို စုဆောင်းခဲ့တယ်၊ အဖွဲ့အစည်းဆိုင်ရာ ထောက်ခံမှုတွေ ဘယ်လို ပေးခဲ့တယ်၊ တစ်ကမ္ဘာလုံးကို ဘယ်လို ဖြန့်ဝေခဲ့တယ် ဆိုတာတွေကို မှတ်တမ်းတင်ထားတဲ့ “ပြည့်စုံတဲ့ သုတေသန အရင်းအမြစ်တွေ” ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဝဘ်ဆိုက်မှာ သတင်းအချက်အလက်တွေကို လှည့်စားတာ၊ အစ္စရေးအပေါ် ရန်လိုမှုအပေါ် အခြေခံထားတဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အလေ့အကျင့်၊ ဂါဇာမှာ ငတ်မွတ်ခေါင်းပါးနေတယ်ဆိုတဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေ၊ UNRWA (ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ) ထဲကို ဟားမတ်စ်တွေ စိမ့်ဝင်နေတာနဲ့ “လူမျိုးတုံး သ-တ်ဖြ-တ်မှု” ဆိုတဲ့ ဇာတ်လမ်းဆင် ဖန်တီးမှုတွေ စတဲ့ အကြောင်းအရာတွေကို အဓိက ဖော်ပြထားပါတယ်။

“ဒီဝဘ်ဆိုက်မှာ အတွင်းပိုင်း နှုတ်ပိတ်ခံရမှုတွေနဲ့ ဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်တွေလည်း ပါဝင်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖြည့်စွက် ပြောထားပါတယ်။

“အစ္စရေးအပေါ် မဟုတ်မမှန် သွေးထွက်သံယို စွပ်စွဲမှု(blood libels) တွေရဲ့ အစိတ်အပိုင်း အများစုဟာ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေဆိုတဲ့ အလုပ်ရုံကနေ ထွက်လာတာပါ” လို့လဲ အမျိုးသား ပြည်သူ့သံတမန်ရေးရာ ညွှန်ကြားမှုဦးစီးဌာန အကြီးအကဲ Tzipi Hotovely က စွပ်စွဲပြောဆိုလိုက်ပါတယ်။

“ဂါဇာမှာ ငတ်မွတ်ခေါင်းပါးနေတယ် ဆိုတဲ့ မဟုတ်မမှန် ကမ်ပိန်းဟာ ဒီလို လိမ်လည်မှု ယန္တရားကြီးရဲ့ ဥပမာတစ်ခုသာ ဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။

“ဒီလို ဝါဒဖြန့်မှုတွေကို ရင်ဆိုင်ရာမှာ အစ္စရေးအပေါ် ပစ်မှတ်ထားနေတဲ့ အလိမ်အညာ လုပ်ငန်းစဉ်ကြီးကို ရိုက်ချိုးဖို့အတွက် ကျွန်တော်တို့က အမှန်တရားနဲ့ အချက်အလက်တွေကို ရှေ့တန်းတင်နေတာပါ”

ဒီဗီဒီယိုဟာ ဝဘ်ဆိုက်မှာ ဖော်ထုတ်ပြသထားတဲ့ အဓိက ယန္တရားတွေထဲက တစ်ခုဖြစ်တဲ့ “သူ့ဘာသာသူ ပဲ့တင်ထပ်နေတဲ့ နိုင်ငံတကာ စနစ်ကြီးတစ်ခု” ကို သရုပ်ဖော်ထားတာ ဖြစ်တယ်လို့ အဆိုပါ အဖွဲ့အစည်းက ရှင်းပြပါတယ်။ အစ္စရေးကို ဆန့်ကျင်တဲ့ စွပ်စွဲချက်တွေဟာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ သတင်းမီဒီယာတွေကြားထဲမှာ ဟိုဘက်ဒီဘက် ကူးလူးနေပြီး၊ သတင်းရင်းမြစ်ကို စစ်ဆေး အတည်ပြုတာမျိုး မလုပ်ဘဲနဲ့တောင် ထပ်ခါတလဲလဲ ကိုးကားကြရင်း လက်ခံထားတဲ့ အမှန်တရားတစ်ခုလို ပုံဖော်ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးအပေါ်ထားရှိတဲ့ အမေရိကန်နဲ့ ဥရောပ မြို့တော်တွေရဲ့ မူဝါဒတွေကို အဓိက ပစ်မှတ်ထားတဲ့ ဒီကမ်ပိန်းကို အစိုးရ ကြော်ငြာအေဂျင်စီ (Lapam) ကနေတစ်ဆင့် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်နိုင်ရေး ဥပဒေပိုင်းဆိုင်ရာများ စိစစ်သုံးသပ်နေဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe နှင့် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်တိုးမြှင့်ရေးကို လွှတ်တော်ကဏ္ဍမှ စတင်ဆောင်ရွက်နိုင်ကြောင်းနှင့် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။ ထို့ပြင်...

တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့၌ကျင်းပ

တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ဒုတိယ သမ္မတဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။ ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ်ပြခန်းများကိုကြည့်ရှုပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း၊ တရုတ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား"ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများဖြစ်ကာ ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြား...

ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးရန် မေးမြန်းမှုအပေါ် လတ်တလော တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြေကြား

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘိုကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၏ မေးမြန်းချက်အပေါ် အရည်အသွေးပြည့်မီသည့် သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုအခြေအနေများအရ လတ်တလော တည်ဆောက်ပေးနိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုတွင် ဧရာဝတီတိုင်းသည် လေးပုံတစ်ပုံစိုက်ပျိုးပြီး ဧရာဝတီတိုင်း၏ လေးပုံ တစ်ပုံသည် ဖျာပုံခရိုင်ဖြစ်သည်။ ဧရာဝတီတိုင်းသည် ရာသီဥတုအပေါ်မူတည်၍ မိုးစပါး ၃၈ သိန်း၊ နွေစပါး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071