Saturday, September 19, 2026

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက...
HomeCelebrities' Newsကိုယ့်လောကကို ပြန်မြင်တတ်အောင် ရုပ်ရှင်ဇာတ်ကားတိုင်း...

ကိုယ့်လောကကို ပြန်မြင်တတ်အောင် ရုပ်ရှင်ဇာတ်ကားတိုင်း ကြည့်ရှုလေ့လာဖြစ်တယ် ထွန်းအိန္ဒြာဗို

အခုနောက်ပိုင်းမှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို သူ့ထက်ငါ အပြိုင်ကောင်းအောင် ရိုက်ကူးလာကြတဲ့အတွက် မြန်မာ့ရုပ်ရှင်လောကအတွက် အားတက်စရဖြစ်ရတယ်လို့ ဆိုသူက ထွန်းအိန္ဒြာဗိုပါ။ ထွန်းအိန္ဒြာဗိုကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့အခါတိုင်း ရုံမှာသွားရောက်အားပေးလေ့ရှိပါတယ်။ ကိုယ့်လောကကို လေ့လာတဲ့သဘောအနေနဲ့ ကြည့်ဖြစ်တယ်လို့ ဆိုတဲ့ ထွန်းအိန္ဒြာဗိုက…

“ကျွန်မအတတ်နိုင်ဆုံးတော့ အားတဲ့နေ့တွေရှိရင် သွားကြည့်ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊  ဆိုးသည်ဖြစ်စေ ကိုယ့်လောကမှာ တင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်းကို ကိုယ်အားတဲ့ရက်တွေ တိုက်ဆိုင်ရင်ကြည့်ဖြစ်ပါတယ်။ နယ်တွေရောက်နေရင်တောင်မှ နယ်က ရုပ်ရှင်ရုံတွေမှာ ကြည့်ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတော့ ကိုယ့်လောကကိုယ်ပြန်မြင်တတ်အောင်လည်း ပါတယ်။ နောက်ပြီး ကိုယ်တိုင်လဲ သူငယ်ချင်းတွေနဲ့ ထုတ်လုပ်ရေး တည်ထောင်ထားတဲ့အတွက်ကြောင့် လေ့လာတာလဲ ပါပါတယ်။ တကယ်အားပေးချင်တာကြောင့်လဲ ပါပါတယ်။” လို့ပြောပါတယ်။

ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့အတူ ပူးပေါင်းတည်ထောင်ထားကြတဲ့ ခသုံးလုံးထုတ်လုပ်ရေးက အခုလက်ရှိမှာ ဝေါ်အိုက်နီ နဲ့ အောက်ဖဲမလှန်ကြေးနော် ဟာသရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီး ဒရမ်မာရုပ်ရှင်ဇာတ်ကားတွေ ထပ်ရိုက်ဖို့ တိုင်ပင်ညှိနှိုင်းနေကြပါတယ်။ ဒရမ်မာဇာတ်ကားကောင်းများရိုက်ကူးသွားမှာ ဖြစ်ကြောင်းကို တော့ ထွန်းအိန္ဒြာဗိုက… “တို့တွေတိုက်က ဒရမ်မာလေးတွေ စရိုက်ကြတော့မယ်ဆိုတဲ့အတွေး နဲ့ လိုအပ်တာလေးတွေတိုင်ပင်ကြတာပါ။ ဒရမ်မာဇာတ်ကားကောင်းကောင်း ၅ခုရထားတယ်။  ကိုခန့်က စိတ်ထဲမှာ တကယ်ကို မြန်မာမှုကို သေချာဖော်ကျူးတဲ့ မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်တွေပါတဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်မျိုးလဲ သူရိုက်ချင်တယ်။ ကျွန်မကျတော့လဲ ဒီဘက်ခေတ် ကျောင်းဆင်းလူငယ်တွေနဲ့ သွားတဲ့ သည်းထိပ်ရင်ဖိုဝတ္ထုမျိုး ရိုက်ချင်တယ်။ မခိုင်လေးကျတော့လဲ သူကိုယ်တိုင် ဘယ်လိုဒရမ်မာကို သရုပ်ဆောင်မယ်ဆိုတဲ့ ဇာတ်အိမ်ကောင်းကောင်းမျိုးကို ရိုက်ချင်တယ်။ မခိုင်လေးအနေနဲ့ကျတော့လဲ  ဒရမ်မာကို သေသေချာချာလုပ်နိုင်ပြီးတော့ ဒရမ်မာနဲ့ပဲ သူအကယ်ဒမီရထားတယ်။ ဒါပေမဲ့ ဈေးကွက်အနေအထားအရ ဟာသဆိုလဲ သူက ထိပ်ဆုံးရောက်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတော့ ပရိသတ်က သူ့ကို ဒရမ်မာမှာ မေ့နေမှာလဲ ကျွန်မတို့က စိုးရိမ်တယ်။ မခိုင်လေးအတွက် ဒရမ်မာကောင်းကောင်းလဲ ရိုက်ချင်တယ်။ မခိုင်လေးကိုယ်တိုင်လဲ ဆန္ဒရှိပါတယ်။ “ လို့ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071