Saturday, July 4, 2026

ရှေးဟောင်းဝတ္ထုပစ္စည်း ၅၇၂ ခု အပ်နှံသူများအား...

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး...

ကချင်ပြည်နယ်အတွက် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅,၀၀၀...

ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည့် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅,၀၀၀ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်စတင်ရန် ဆောင်ရွက်နေ၊ ရေနက်ဆိပ်ကမ်းနယ်နိမိတ်သတ်မှတ်ရေး...

ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ လိုအပ်သည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအား ပြန်လည်စတင်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း...

သန်းခေါင်စာရင်းအချက်အလက်များကို မဟာဗျူဟာမြောက်အသုံးချနိုင်ရေး အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဇူလိုင် ၃ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိသည့်...
HomeNewsLocal Newsကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဗဟိုကော်မတီ)နှင့် တရုတ်နိုင်ငံ ChangShu Volunteer Association တို့ကြား နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ၊ ဟူးဟော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဗဟိုကော်မတီ) ဒု-ဥက္ကဋ္ဌဦးလှိုင်မင်းဦးနှင့် ChangShu Volunteer Association ၊ Blue Sky Rescue – International Team မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ လျိုဝေတို့က စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်ထိ ဟူးဟော့မြို့တွင် ကျင်းပခဲ့သည့်”ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပဏာမခြေလှမ်း – ဒုတိယအကြိမ် နိုင်ငံတကာအရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ”၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

နားလည်မှုစာချွန်လွှာတွင် ကယ်ဆယ်ရေးဆိုင်ရာအဆင့်မြင့်နည်းပညာများမျှဝေရန်၊ ကယ်ဆယ်ရေးဆိုင် ရာသုတေသနများ၌ ပူးပေါင်းဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းများလေ့ကျင့်ဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးဆိုင်ရာပညာတော်သင်များစေလွှတ်နိုင်ရန်နှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရန်တို့ ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းဝတ္ထုပစ္စည်း ၅၇၂ ခု အပ်နှံသူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ဦးသန်းဇော်က ကျောက်ခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ ပုဂံခေတ်နှင့် ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းဝတ္ထုပစ္စည်း ၃၁၃ ခု အပ်နှံခဲ့ခြင်းအတွက် စုစုပေါင်း ကျပ် ၂၀,၅၅၀,၆၁၇ ကို ဆုကြေးငွေအဖြစ် ပေးအပ်ခဲ့သည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မှ ဦးဝင်းမင်းထွန်းက ကြေးခေတ်လက်ရာ ကြေးလက်နက် ၉၈ ခု အပ်နှံခဲ့ခြင်းအတွက် ကျပ်...

ကချင်ပြည်နယ်အတွက် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅,၀၀၀ ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်နေ

ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည့် ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅,၀၀၀ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားသည်။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်လွင်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများအတွက် အစိုးရစီစဉ်ပေးသည့် မော်တော်ယာဉ်အစီး (၁၀၀)...

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်စတင်ရန် ဆောင်ရွက်နေ၊ ရေနက်ဆိပ်ကမ်းနယ်နိမိတ်သတ်မှတ်ရေး အပြီးသတ်အဆင့်ရောက်

ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ လိုအပ်သည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအား ပြန်လည်စတင်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်၏ မေးခွန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းသည် ထိုင်း-အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသည့် မဟာဗျူဟာစီမံကိန်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ယခင်ရင်းနှီးမြှုပ်နှံသူ ITD နှင့် စီမံကိန်းရပ်ဆိုင်းခဲ့ပြီးနောက် လက်ရှိတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071