Monday, August 17, 2026

MPT က ဧရာဝတီရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီနှင့်...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် MPT က လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ဩဂုတ် ၁၇ ရက်တွင်...

စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME ကဏ္ဍများသို့...

နေပြည်တော်၊ ဩဂုတ် ၁၇ ဘဏ်များတွင် ပြည်သူများ စုဆောင်းအပ်နှံထားသည့် ငွေကြေးများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME အပါအဝင်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...
HomeNewsLocal NewsWFP က မြန်မာရေဘေးသင့်ဒေသများတွင်...

WFP က မြန်မာရေဘေးသင့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာကူညီမှုများစတင်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ အာဟာရဖြည့် အသင့်စားဘီစကွတ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း WFP ကထုတ်ပြန်ထားသည်။

အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

WFP က ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံသို့ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန် ၂၀ ပေးပို့ထားပြီး လူဦးရေ ၁၀,၀၀၀ အတွက် လုံလောက်သည့် အရေးပေါ်ရိက္ခာများကို လက်ရှိဖြန့်ဝေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသက်ရောက်မှု အပြည့်အစုံကို ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊ စီးပွားရေးကျဆင်းမှုနှင့် အစားအစာဈေးနှုန်းမြင့်တက်မှုများ ပေါင်းစပ်သက်ရောက်နေသည့် အခြေအနေအောက်တွင် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့် ဆာလောင်မွတ်သိပ်မှုနှင့် ရင်ဆိုင်နေရကြောင်း WFP က ဆိုသည်။

WFP အနေဖြင့် ရေဘေးသင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လိုအပ်ချက်များကို ဆက်လက်အကဲဖြတ်နေပြီး သွားလာခွင့်အခြေအနေနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ကာ အကူအညီအလိုအပ်ဆုံး ဒေသများသို့ စားနပ်ရိက္ခာထောက်ပံ့မှုများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MPT က ဧရာဝတီရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပံ့ပိုး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် MPT က လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။ ငဝန်မြစ်ဝှမ်းတစ်လျှောက် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုများကြောင့် ထိခိုက်ခဲ့သည့် လေးမျက်နှာမြို့နယ်နှင့် ငသိုင်းချောင်းဒေသရှိ ရေဘေးရှောင်မိသားစုများထံသို့ MPT ဝန်ထမ်းများက ကိုယ်တိုင်သွားရောက်ကာ အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ MPT ၏ အဆိုအရ ဩဂုတ် ၁၄ ရက်နှင့် ၁၅ ရက်အတွင်း အိမ်ထောင်စု ၃၀၀ ကျော်...

စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME ကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေများ ပိုမိုစီးဆင်းစေရေး ဗဟိုဘဏ်တိုက်တွန်း

နေပြည်တော်၊ ဩဂုတ် ၁၇ ဘဏ်များတွင် ပြည်သူများ စုဆောင်းအပ်နှံထားသည့် ငွေကြေးများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME အပါအဝင် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရေး ဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တိုက်တွန်းထားသည်။ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည့် “ဘဏ်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် MSME လုပ်ငန်းများသို့ ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး” ဆိုင်ရာ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက ယင်းသို့...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071