ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးမယ့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အစီအစဉ် လွှတ်တော်မှာဝေဖန်ခံရ

ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးမယ့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အစီအစဉ် လွှတ်တော်မှာဝေဖန်ခံရ
October 16, 2018 Asian Fame

2:49 pm
ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးမယ့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အစီအစဉ် လွှတ်တော်မှာဝေဖန်ခံရ

001ပဲခူး၊ အောက်တိုဘာ ၁၆

စက်မှုသီးနှံအဖြစ် ခြံစည်းရိုးကြက်ဆူ ဧက ၁၀၀၀ ကျော်တိုးချဲ့စိုက်ပျိုးဖို့ ရည်ရွယ်ချက်ပါရှိတဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၁၉ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) ကို လွှတ်တော်မှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းခဲ့ပြီးဖြစ်တဲ့ ၂၀၁၈-၁၉ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) နဲ့စပ်လျဉ်းပြီး ဒေသန္တရစီမံကိန်းဥပဒေ ကဏ္ဍအလိုက်မူဝါဒရည်မှန်းချက် လုပ်ငန်းစဉ်များနဲ့ကဏ္ဍအလိုက်ရည်မှန်းချက်များ ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးဘတ်ဂျက်နဲ့ ရင်းနှီးမြုပ်နှံမှုလျာထားချက်(မူကြမ်း) တို့ကိုဆွေးနွေးရာမှာ ဇယား (၅) သီးနှံ (၅) အခြားစက်မှု သီးနှံ ၄ မျိုးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလို ဝေဖန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဇယား (၅) သီနှံ(၅) အခြားစက်မှုသီးနှံ ၄မျိုး ဆိုတဲ့စာရင်းထဲမှာ ခြံစည်းရိုးကြက်ဆူကိုထည့်သွင်းထားပြီး လက်ရှိမှာ ခြံစည်းရိုးကြက်ဆူ ဧက ၈၆၉ ရှိကြောင်း၊ လာမယ့် ၂၀၁၈-၁၉ မှာ ခြံစည်းရိုးကြက်ဆူ ဧက ၂၀၉၀ အထိတိုးချဲ့စိုက်ပျိုးမှာဖြစ်ကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၈-၁၉ မှာ ခြံစည်းရိုးကြက်ဆူ ဧက ၁၂၂၁ ဧက စိုက်ပျိုးသွားမယ့် ရည်မှန်းထားချက်ဟာ လွန်စွာမှားယွင်းနေကြောင်း ပေါင်းတည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဇယား(၆) ပါ သီးနှံအထွက်ရည်မှန်းချက်ကိုကြည့်ရင်လည်း ကြက်ဆူဟာ တစ်ဧကကိုထွက်နှုန်း (.၂၂)တင်း သာထွက်ရှိကြောင်းဖော်ပြထားတဲ့အတွက် တစ်ဧကကို တစ်တင်းရဲ့ လေးပုံတစ်ပုံတောင်မထွက်တဲ့ ကြက်ဆူကို တိုးချဲ့စိုက်ပျိုးဖို့ ရည်ရွယ်ထားမှုအပေါ် လွန်စွာအံ့သြမိကြောင်း ၎င်းကထပ်လောင်းဆိုပါတယ်။

စီမံကိန်းမအောင်မြင်တဲ့ကြက်ဆူကို မည်သူတွေကစိုက်ပျိုးမှာလဲသိရှိလိုတယ်လို့လည်း ဦးရဲလင်းနိုင်ကမေးမြန်းခဲ့ပါသေးတယ်။

ခြံစည်းရိုးကြက်ဆူစီမံကိန်းကြောင့် မြေယာတွေတစ်ဖက်လှည့်ဆုံးရှုံးမှုများစွာရှိပြီး ပြည်သူတွေအတွက်အချိန်ကုန်လူပင်ပန်းဖြစ်စေတဲ့စီမံကိန်းဖြစ်တာကြောင့် ခြံစည်းရိုးကြက်ဆူကို စက်မှုသီးနှံအဖြစ်ထည့်သွင်းဖော်ပြဖို့ မသင့်ကြောင်း လည်း ၎င်းကထောက်ပြဆွေးနွေးခဲ့ပါသေးတယ်။

အဆိုပါ ၂၀၁၈-၁၉ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) ကို ယမန်နေ့ကကျင်းပခဲ့တဲ့ လွှတ်တော်မှာ ဦးရဲလင်းနိုင် အပါအ၀င် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးဝေဖန်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးဒီကနေ့ ကျင်းပပြုလုပ်နေတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး က ပြန်လည်ရှင်းလင်းဆွေးနွေးမယ်လို့ သိရပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*