Tuesday, September 15, 2026

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ...

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို...

အင်းစိန် မီးရထားလမ်း ခုံးကျော်တံတား စီမံကိန်းကြောင့်...

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်လမ်းဆုံတွင် လေးလမ်းသွား ခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ခုံးကျော်တံတားကို PC Girder...

ပင်လောင်း၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက...

ပင်လောင်း ၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဘိန်းအစားထိုး သီးနှံအဖြစ် ပဲပုပ်သီးနှံ ဧက ၂,၉၀၀...

ဗီယက်နမ်ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် FAM Trip...

နေပြည်တော်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံ၏ သာယာလှပမှု၊ လုံခြုံစိတ်ချရမှုနှင့် ပကတိအခြေအနေမှန်များကို မျက်မြင်ကိုယ်တွေ့ သိရှိစေရန် ဗီယက်နမ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများနှင့် သတင်းမီဒီယာများကို ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်...
HomeNewsLocal NewsMIIT ၌ ပထမနှစ်...

MIIT ၌ ပထမနှစ် ဘွဲ့ကြိုသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူ

Grade-12 အောင်မြင်ထားသူများ တက်ရောက်နိုင်သည့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ် ဘွဲ့ကြိုသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ MIIT ကျောင်းသားရေးရာဌာနတွင်လည်းကောင်း၊ တက္ကသိုလ် ဝဘ်ဆိုက်ဖြစ်သည့် www.miitmdy.edu.mm မှလည်းကောင်း ဒေါင်းလုဒ်ရယူ၍ အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထားကာ ကျောင်းသို့ တိုက်ရိုက် လျှောက်ထားရမည်ဖြစ်သည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လျှောက်လွှာရှင်များသည် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ကျင်းပမည့် အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ အဆိုပါ စာမေးပွဲသည် ၂ နာရီကြာ ဖြေဆိုရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ရူပဗေဒ ဘာသာရပ်များကို မေးမြန်းသွားမည် ဖြစ်သည်။

ဝင်ခွင့်ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်တန်း ရမှတ်နှင့် အရည်အချင်းစစ် စာမေးပွဲ ရမှတ်တို့ကို ပေါင်းစပ်တွက်ချက်၍ ရွေးချယ်သွားမည်ဖြစ်သည်။ ဖြေဆိုခွင့် ကတ်ပြားများကို အောက်တိုဘာလ ၃၀ ရက်နှင့် နိုဝင်ဘာလ ၂ ရက်နေ့တို့တွင် ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြား မပါရှိပါက စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့် အိန္ဒိယ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) သက်တမ်းကို ၁ နှစ် ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival - Tourist) ခွင့်ပြုချက်ကို စမ်းသပ်ကာလ (၁) နှစ် တတိယအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ အဆိုပါ ဆိုက်ရောက်ဗီဇာ သက်တမ်းတိုးမြှင့်ပေးမှုသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့အထိ (၁) နှစ်တာ အကျုံးဝင်မည်ဖြစ်သည်။

အင်းစိန် မီးရထားလမ်း ခုံးကျော်တံတား စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေမည်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်လမ်းဆုံတွင် လေးလမ်းသွား ခုံးကျော်တံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ခုံးကျော်တံတားကို PC Girder နှင့် Steel Box Girder အမျိုးအစား လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ပြီးစီးပါက အဆိုပါဧရိယာအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ ယင်းလမ်းဆုံတွင် AADT စာရင်းစစ်ဆေးချက်များအရ ၆ ဘီးအထက် ယာဉ်ကြီးများနှင့် အိမ်စီးကား ပေါင်း ၃,၀၀၀ ကျော် နေ့စဉ်ဖြတ်သန်းနေပြီး ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင်လည်း မြို့ပတ်ရထား အပါအဝင်...

ပင်လောင်း၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက ၂,၉၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့

ပင်လောင်း ၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဘိန်းအစားထိုး သီးနှံအဖြစ် ပဲပုပ်သီးနှံ ဧက ၂,၉၀၀ ကျော် ပန်းတိုင်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်းပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ပဲပုပ်သီးနှံကို မိုးနှင့် ဆောင်း ၂ ရာသီ ပေါင်းစပ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် ပိုးမွှားအန္တရာယ် ကင်းရှင်းရေးတို့အတွက် သင်တန်းများနှင့် ကွင်းသရုပ်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ "ပဲပုပ်ကတော့ တကယ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071