Wednesday, September 9, 2026

ဗီယက်နမ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး အာဆီယံတန်ဖိုးကွင်းဆက်သစ်များ...

ဟနွိုင်း၊ စက်တင်ဘာ ၉ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ကာ အာဆီယံတန်ဖိုးကွင်းဆက်သစ်များ (New ASEAN Value Chain...

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင်

တွန်းဇံ၊ စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...

တရုတ်ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး ပူးပေါင်း၍ နှလုံးသွေးကြောပိတ်လူနာ...

မန္တလေး၊ စက်တင်ဘာ ၉ တရုတ်နိုင်ငံ Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတို့ ပူးပေါင်း၍...

မန္တလေး ၃၄ လမ်းတွင် သက်တမ်းရင့်သစ်ပင်လဲကျ၍...

မန္တလေး၊ စက်တင်ဘာ ၈ မန္တလေးမြို့၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ယနေ့နံနက်ပိုင်းက သက်တမ်းရင့်သစ်ပင်ကြီးတစ်ပင် ရုတ်တရက်လဲကျခဲ့ရာ ဖြတ်သန်းသွားလာနေသည့်...
HomeNewsLocal NewsIIMM ယန္တရားနှင့် အစီရင်ခံစာများကို...

IIMM ယန္တရားနှင့် အစီရင်ခံစာများကို မြန်မာနိုင်ငံ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

နေပြည်တော်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် အဋ္ဌမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအပါအဝင် ယင်းယန္တရား၏ ထုတ်ပြန်ချက်များအားလုံးကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

ဂျီနီဗာမြို့၌ စက်တင်ဘာ ၇ ရက်က ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် IIMM ၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် IIMM ကို စတင်ဖွဲ့စည်းချိန်မှစ၍ အသိအမှတ်ပြုထားခြင်းမရှိဘဲ ယင်းယန္တရားတွင် ဥပဒေကြောင်းအရ အားနည်းချက်များရှိကြောင်း ရပ်တည်ထားသည်။

IIMM သည် နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ သဘောတူညီချက်မပါဘဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ ဖြင့် ယန္တရားကို ဖွဲ့စည်းခဲ့ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/60/251 တို့နှင့် ကိုက်ညီမှုမရှိကြောင်း ဝန်ကြီးဌာနက ထောက်ပြထားသည်။

ထို့အပြင် ယန္တရား၏ သက်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းသည့် ပြဋ္ဌာန်းချက်မရှိခြင်း၊ လုပ်ငန်းတာဝန်နှင့် လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ (TOR) အရ ကုလသမဂ္ဂအရင်းအမြစ်များအပြင် အလှူရှင်နိုင်ငံများထံမှ ရန်ပုံငွေလက်ခံနိုင်ခြင်းတို့ကြောင့် ဘတ်ဂျက်စီမံခန့်ခွဲမှုနှင့် ရန်ပုံငွေသုံးစွဲမှု ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာရှိကြောင်း ဖော်ပြထားသည်။

IIMM ၏ နှစ်ပတ်လည်အစီရင်ခံစာ A/HRC/63/19 တွင်လည်း ယခင်နှစ်များနည်းတူ မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ်စွပ်စွဲချက်များ ပါဝင်နေပြီး အတည်မပြုနိုင်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံကာ ကိန်းဂဏန်းများကို ဖောင်းပွစွာဖော်ပြထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ အခြေအနေကို လွဲမှားစွာဖော်ပြမှုများသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ဆင်ရေးများနှင့်ပတ်သက်၍လည်း လက်နက်ကိုင်အဖွဲ့များက မြို့၊ ရွာများအား တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လာသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအလို့ငှာ တပ်မတော်က ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (RoE) နှင့်အညီ စစ်ရေးပစ်မှတ်များကိုသာ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး အာဆီယံတန်ဖိုးကွင်းဆက်သစ်များ ဖော်ဆောင်ရန် UMFCCI ဥက္ကဋ္ဌ တိုက်တွန်း

ဟနွိုင်း၊ စက်တင်ဘာ ၉ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ကာ အာဆီယံတန်ဖိုးကွင်းဆက်သစ်များ (New ASEAN Value Chain Linkages) ဖော်ဆောင်သွားရန် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက တိုက်တွန်းပြောကြားသည်။ အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် “ဗီယက်နမ်-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ...

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင်

တွန်းဇံ၊ စက်တင်ဘာ ၉ ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။ ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တွန်းဇံမြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ချင်းပြည်နယ် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်းနှင့်...

တရုတ်ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး ပူးပေါင်း၍ နှလုံးသွေးကြောပိတ်လူနာ ခြောက်ဦးကို ခွဲစိတ်ကုသ

မန္တလေး၊ စက်တင်ဘာ ၉ တရုတ်နိုင်ငံ Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတို့ ပူးပေါင်း၍ နှလုံးသွေးကြောပိတ်လူနာ ခြောက်ဦးကို နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Yida Hospital, Shanghai University Medical School မှ Department of Cardiovascular Surgery Center...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071