Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

G to G MoUအရ မြန်မာက အိန္ဒိယသို့ မတ်ပဲတန်ချိန်(၂.၅)သိန်းနှင့်ပဲစင်းငုံ တန်ချိန်(၁)သိန်း တင်ပို့ရမည်

G to G MoUအရ မြန်မာက အိန္ဒိယသို့ မတ်ပဲတန်ချိန်(၂.၅)သိန်းနှင့်ပဲစင်းငုံ တန်ချိန်(၁)သိန်း တင်ပို့ရမည်


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(ဧပြီလမှမတ်လအထိ)အတွင်း G to G MoU အရ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့မတ်ပဲတန်ချိန်(၂.၅)သိန်းနှင့်ပဲစင်းငုံ တန်ချိန်(၁)သိန်း တင်ပို့ရမည်ဖြစ်ကြောင်း ဇန်နဝါရီလ(၂၁)က ကျင်းပသော မြန်မာ-အိန္ဒိယ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီအစည်းအဝေး(Joint Monitoring Committee-JMC)မှ သိရသည်။

အိန္ဒိယနိုင်ငံအစိုးရသည် မြန်မာ၊ မိုဇမ်းဘစ်နိုင်ငံတွေနှင့် အစိုးရချင်း MoU တွေရေးထိုးပြီး ပြည်ပနိုင်ငံကနေ ပဲမျိုးစုံတင်သွင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂၅၀၀၀၀ နှင့် ပဲစင်းငုံတန်ချိန် ၁၀၀၀၀၀ ကို ဘဏ္ဍာနှစ် ၅နှစ်ဆက်တိုက် ၀ယ်ယူရန်သဘောတူညီထားပြီး ၂၀၁၇ခုနှစ်ကစပြီး ပဲတင်သွင်းခွင့်ကို ခွဲတမ်းစနစ်ဖြင့် ကန့်သတ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်မေလတွင် ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ပြီး အောက်တိုဘာလကုန်ထိ ပြည်ပပဲတွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပို့ကုန်ပဲမျိုးစုံ ဒေါ်လာ ၁.၅၇ ဘီလီယံတန်ဘိုးရှိ ပဲမျိုးစုံတန်ချိန် ၂သန်းကျော်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တင်ပို့ရောင်းချခဲ့ကြောင်းစီးပွားကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ယမန်နှစ်က မုတ်သုံမမှန် ၊ရာသီဥတုဖောက်ပြန်မှုများကြောင့် စိုက်ခင်းများပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် ပဲဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း မြန်မာပဲကုန်သည်များသုံးသပ်ထားကြောင်းသိရသည်။

မြန်မာ-အိန္ဒိယ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီအစည်းအဝေး၏ MoUအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိအတွက် မတ်ပဲနှင့်ပဲစင်းငုံများကို ကုန်သွယ်ရာတွင် မြန်မာနိုင်ငံရှိ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံရှိ ပဲတင်သွင်းသူများနှင့် သက်ဆိုင်ရာအစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများကို မြန်မာနှင့်အိန္ဒိယ နှစ်ဘက်သဘောတူ သတ်မှတ်ခဲ့ကြကြောင်း လည်း သိရသည်။

Zaw Gyi

G to G MoUအရ ျမန္မာက အိႏၵိယသို႔ မတ္ပဲတန္ခ်ိန္(၂.၅)သိန္းႏွင့္ပဲစင္းငုံ တန္ခ်ိန္(၁)သိန္း တင္ပို႔ရမည္

၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္(ဧၿပီလမွမတ္လအထိ)အတြင္း G to G MoU အရ ျမန္မာႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔မတ္ပဲတန္ခ်ိန္(၂.၅)သိန္းႏွင့္ပဲစင္းငုံ တန္ခ်ိန္(၁)သိန္း တင္ပို႔ရမည္ျဖစ္ေၾကာင္း ဇန္နဝါရီလ(၂၁)က က်င္းပေသာ ျမန္မာ-အိႏၵိယ ပထမအႀကိမ္ ပူးတြဲႀကီးၾကပ္ေရးေကာ္မတီအစည္းအေဝး(Joint Monitoring Committee-JMC)မွ သိရသည္။

အိႏၵိယႏိုင္ငံအစိုးရသည္ ျမန္မာ၊ မိုဇမ္းဘစ္ႏိုင္ငံေတြႏွင့္ အစိုးရခ်င္း MoU ေတြေရးထိုးၿပီး ျပည္ပႏိုင္ငံကေန ပဲမ်ိဳးစုံတင္သြင္းႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ျမန္မာႏိုင္ငံမွ ႏွစ္စဥ္ မတ္ပဲတန္ခ်ိန္ ၂၅၀၀၀၀ ႏွင့္ ပဲစင္းငုံတန္ခ်ိန္ ၁၀၀၀၀၀ ကို ဘ႑ာႏွစ္ ၅ႏွစ္ဆက္တိုက္ ၀ယ္ယူရန္သေဘာတူညီထားၿပီး ၂၀၁၇ခုႏွစ္ကစၿပီး ပဲတင္သြင္းခြင့္ကို ခြဲတမ္းစနစ္ျဖင့္ ကန႔္သတ္ခဲ့ေသာ္လည္း ၂၀၂၁ ခုႏွစ္ေမလတြင္ ယင္းကန႔္သတ္ခ်က္ကို ပယ္ဖ်က္ၿပီး ေအာက္တိုဘာလကုန္ထိ ျပည္ပပဲေတြကို လြတ္လပ္စြာတင္သြင္းခြင့္ျပဳခဲ့သည္။

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ ပို႔ကုန္ပဲမ်ိဳးစုံ ေဒၚလာ ၁.၅၇ ဘီလီယံတန္ဘိုးရွိ ပဲမ်ိဳးစုံတန္ခ်ိန္ ၂သန္းေက်ာ္ကို ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္လမ္းေၾကာင္းမ်ားမွ တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္းစီးပြားကူးသန္းဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေၾကာင္း သိရသည္။

အိႏၵိယႏိုင္ငံအေနျဖင့္ ယမန္ႏွစ္က မုတ္သုံမမွန္ ၊ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ စိုက္ခင္းမ်ားပ်က္စီးမႈ ျဖစ္ပြားခဲ့သျဖင့္ ပဲဝယ္လိုအား ျမင့္တက္လာႏိုင္ေၾကာင္း ျမန္မာပဲကုန္သည္မ်ားသုံးသပ္ထားေၾကာင္းသိရသည္။

ျမန္မာ-အိႏၵိယ ပထမအႀကိမ္ ပူးတြဲႀကီးၾကပ္ေရးေကာ္မတီအစည္းအေဝး၏ MoUအရ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္မွ ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္အထိအတြက္ မတ္ပဲႏွင့္ပဲစင္းငုံမ်ားကို ကုန္သြယ္ရာတြင္ ျမန္မာႏိုင္ငံရွိ ပဲတင္ပို႔သူမ်ား၊ အိႏၵိယႏိုင္ငံရွိ ပဲတင္သြင္းသူမ်ားႏွင့္ သက္ဆိုင္ရာအစိုးရဌာနမ်ား လိုက္နာေဆာင္႐ြက္ရမည့္ စံသတ္မွတ္ခ်က္လုပ္ထုံးလုပ္နည္းမ်ားကို ျမန္မာႏွင့္အိႏၵိယ ႏွစ္ဘက္သေဘာတူ သတ္မွတ္ခဲ့ၾကေၾကာင္း လည္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071