Tuesday, September 22, 2026

သီပေါမြို့တွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ...

သီပေါ၊ စက်တင်ဘာ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍...

ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ်...

ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန်...

ရန်ကင်း အုတ်စီကန်အတွင်း ရေနစ်ပျေ-ာက်ဆုံးသည့် အမျိုးသား...

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်) အတွင်း ရေနစ်ပျေ-ာက်ဆုံးခဲ့သည့် အမျိုးသား ၂...

မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇...

ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ရန်ကုန်၊ စက်တင်ဘာ ၂၂ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက် ၇ ခုအပါအဝင် နေရာအချို့တွင် မနက်ဖြန် စက်တင်ဘာ ၂၃...
HomeNewsLocal NewsFIFA ASEAN Cup...

FIFA ASEAN Cup 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်

လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးချယ်

ရန်ကုန်၊ စက်တင်ဘာ ၂၁

FIFA ASEAN Cup 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ရာ လူငယ်ကစားသမားသစ်များနှင့် အတွေ့အကြုံရှိ စီနီယာကစားသမားများ ပေါင်းစပ်ပါဝင်လာကြောင်း သိရသည်။

Head Coach Jörn Andersen ဦးဆောင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ကောင်းခန့်ကျော်၊ မိုးဆွေနှင့် ပြည့်စုံအောင်တို့သည် FIFA ASEAN Cup အတွက် စီနီယာလက်ရွေးစင်အသင်း လူစာရင်း၌ ပထမဆုံးအကြိမ် ပါဝင်လာကြခြင်းဖြစ်သည်။

ကောင်းခန့်ကျော်သည် မကြာသေးမီက မြန်မာယူ-၂၀ အသင်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် ခြေစစ်ပွဲများတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် စီနီယာလက်ရွေးစင်အသင်းသို့ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

မိုးဆွေသည် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြည့်စုံအောင်မှာလည်း ယူ-၁၆ နှင့် ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရဖူးသူဖြစ်သည်။

ထို့အပြင် ရှိုင်းဝဏ္ဏအောင်နှင့် မြတ်ဖုန်းခန့်တို့သည်လည်း ယခုနှစ်အတွင်း စီနီယာလက်ရွေးစင်အသင်း၌ ဆက်တိုက်ပါဝင်လာခဲ့ကြသည်။

သို့သော် အတွေ့အကြုံရှိ ကစားသမားများဖြစ်သည့် မောင်မောင်လွင်နှင့် ဟိန်းဖြိုးဝင်းတို့မှာ ဒူးဒဏ်ရာများကြောင့် FIFA ASEAN Cup 2026 လူစာရင်းတွင် ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် FIFA ASEAN Cup 2026 ပြိုင်ပွဲ Group B တွင် ကမ္ဘောဒီးယား၊ တီမော-လက်စတေတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုအဆင့် ပထမပွဲအဖြစ် စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် တီမော-လက်စတေအသင်းနှင့် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Group B ၌ ပထမနေရာရရှိသည့်အသင်းသည် Group A မှ ပထမနေရာရရှိသည့်အသင်းနှင့် အောက်တိုဘာ ၃ ရက်တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့တွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ ဆက်လက်ဖြန့်ဖြူးမည်

သီပေါ၊ စက်တင်ဘာ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၏ အသိပေးချက်အရ သိရသည်။ လက်ရှိတွင် သီပေါမြို့ပေါ်ရပ်ကွက်များကို ဦးစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်ကာ ကျေးရွာများအထိ ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သီပေါမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားပြတ်တောက်ခဲ့ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်...

ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း

ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။ စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကြေညာခဲ့သည်။ ဧရာဝတီမြစ်သည် ကချင်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်သန်းကာ ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ပင်လယ်ပြင်သို့ စီးဝင်သည့် အဓိကရေကြောင်းလမ်းမကြီးဖြစ်ပြီး ခရီးသည်နှင့်...

ရန်ကင်း အုတ်စီကန်အတွင်း ရေနစ်ပျေ-ာက်ဆုံးသည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများ ရှာဖွေတွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်) အတွင်း ရေနစ်ပျေ-ာက်ဆုံးခဲ့သည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်က အုတ်စီကန်အတွင်း အမျိုးသား ၂ ဦး ရေနစ်ပျေ-ာက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ကြသည်။ ရှာဖွေမှုအတွင်း ညနေ ၄ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071