ရန်ကုန်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်) အတွင်း ရေနစ်ပျေ-ာက်ဆုံးခဲ့သည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်က အုတ်စီကန်အတွင်း အမျိုးသား ၂ ဦး ရေနစ်ပျေ-ာက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ကြသည်။
ရှာဖွေမှုအတွင်း ညနေ ၄ နာရီ ၃၆ မိနစ်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းကို စတင်တွေ့ရှိခဲ့ပြီး မိုးစေတနာပရဟိတအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဆက်လက်ရှာဖွေခဲ့ရာ ညနေ ၅ နာရီ ၃၁ မိနစ်တွင် ကျန်အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းကို ထပ်မံတွေ့ရှိခဲ့ပြီး မြတ်မေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
