ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်
ရန်ကုန်၊ စက်တင်ဘာ ၂၂
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက် ၇ ခုအပါအဝင် နေရာအချို့တွင် မနက်ဖြန် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားသည်။
လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် 33kV ဒဂုံတောင်-ရွှေပင်လုံ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို အဆိုပါအချိန်အတွင်း ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ၁၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ နှင့် ၃၂ ရပ်ကွက်များ၊ CNG ဆိုင်အမှတ် (၀၀၆) နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြယမုံစမ်းအိမ်ရာ တို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
