Tuesday, September 22, 2026

ငဝန်မြစ် ရေဝင်လမ်းကြောင်းတားဆီးသည့် Sheet Pile...

သဲအိတ်နှင့် Geo-bag များဖြည့်၍ Sheet Pile Wall ခိုင်ခံ့ရေး ဆက်လက်ဆောင်ရွက်မည် လေးမျက်နှာ၊ စက်တင်ဘာ ၂၂ ငဝန်မြစ်မှ ရေကျော်စီးဝင်နေမှုကို တားဆီးနိုင်ရေး ဆောင်ရွက်နေသည့်...

သီပေါမြို့တွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ...

သီပေါ၊ စက်တင်ဘာ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍...

ရန်ကင်း အုတ်စီကန်အတွင်း ရေနစ်ပျေ-ာက်ဆုံးသည့် အမျိုးသား...

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်) အတွင်း ရေနစ်ပျေ-ာက်ဆုံးခဲ့သည့် အမျိုးသား ၂...

မနက်ဖြန် မြောက်ဒဂုံရှိ ရပ်ကွက် ၇...

ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ရန်ကုန်၊ စက်တင်ဘာ ၂၂ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက် ၇ ခုအပါအဝင် နေရာအချို့တွင် မနက်ဖြန် စက်တင်ဘာ ၂၃...
HomeNewsLocal Newsဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး...

ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း

ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ

နေပြည်တော်၊ စက်တင်ဘာ ၂၂

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကြေညာခဲ့သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်သန်းကာ ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ပင်လယ်ပြင်သို့ စီးဝင်သည့် အဓိကရေကြောင်းလမ်းမကြီးဖြစ်ပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြောင်း ဦးတင်ဌေးက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။

မြစ်အတွင်း တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေးအတွက် မြစ်ကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကြောင်းအမှတ်အသားများ တပ်ဆင်ခြင်း၊ ခေတ်မီရေကြောင်းလမ်းညွှန်စနစ်များ အသုံးပြုခြင်းနှင့် ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း အဆိုတွင် တင်ပြထားသည်။

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ပါက ကုန်စည်ပို့ဆောင်ရေးစရိတ်များ လျော့ကျစေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဟု အဆိုတင်သွင်းသူက ပြောကြားခဲ့သည်။

အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ပြည်သူ့လွှတ်တော်က သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်မြစ် ရေဝင်လမ်းကြောင်းတားဆီးသည့် Sheet Pile ရို-က်သွင်းမှုအားလုံး ပြီးစီး

သဲအိတ်နှင့် Geo-bag များဖြည့်၍ Sheet Pile Wall ခိုင်ခံ့ရေး ဆက်လက်ဆောင်ရွက်မည် လေးမျက်နှာ၊ စက်တင်ဘာ ၂၂ ငဝန်မြစ်မှ ရေကျော်စီးဝင်နေမှုကို တားဆီးနိုင်ရေး ဆောင်ရွက်နေသည့် Sheet Pile ရို-က်သွင်းခြင်းလုပ်ငန်းအားလုံး ယနေ့ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြီးစီးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရေစီးသန်သည့်အခြေအနေများကြားမှ Sheet Pile များဖြင့် ရေဝင်လမ်းကြောင်းကို ကာရံတားဆီးနိုင်ခဲ့ပြီး လက်ရှိတွင်...

သီပေါမြို့တွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ ဆက်လက်ဖြန့်ဖြူးမည်

သီပေါ၊ စက်တင်ဘာ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၏ အသိပေးချက်အရ သိရသည်။ လက်ရှိတွင် သီပေါမြို့ပေါ်ရပ်ကွက်များကို ဦးစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်ကာ ကျေးရွာများအထိ ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သီပေါမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားပြတ်တောက်ခဲ့ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်...

ရန်ကင်း အုတ်စီကန်အတွင်း ရေနစ်ပျေ-ာက်ဆုံးသည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများ ရှာဖွေတွေ့ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန် (သဘာဝရေကန်) အတွင်း ရေနစ်ပျေ-ာက်ဆုံးခဲ့သည့် အမျိုးသား ၂ ဦး၏ ရုပ်အလေ-ာင်းများကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်က အုတ်စီကန်အတွင်း အမျိုးသား ၂ ဦး ရေနစ်ပျေ-ာက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ကြသည်။ ရှာဖွေမှုအတွင်း ညနေ ၄ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071