Saturday, August 15, 2026

အာရှအမျိုးသမီးချန်ပီယံလိဂ် ယှဉ်ပြိုင်မည့် ဧရာဝတီအသင်း ပြည်တွင်းထိပ်တန်းကစားသမား...

ရန်ကုန်၊ ဩဂုတ် ၁၅ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိနိုင်ရေးအတွက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ...

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေချိန် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ...

ပုသိမ်၊ ဩဂုတ် ၁၅ လက်ရှိဖြစ်ပွားလျက်ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် ရောင်းချနေသည့် အကင်များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင်...

ရန်ကုန်အဝေးသင်တက္ကသိုလ်၌ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်အကြိုပြင်ဆင်နိုင်မယ့် ဆွေးနွေးပွဲ...

ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပညာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကာ Job-Ready Skills Workshop...

ပုဇွန်တောင်မြို့နယ်တွင် မြို့ပြသပ်ရပ်လှပရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရှုပ်ထွေးကေဘယ်ကြိုးများ...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းတစ်လျှောက်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစေရေးနှင့် လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal NewsElite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင်...

Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက် ထိုးကျတိမ်းမှောက်၊ ယာဉ်ပေါ်ပါ ၁၅ ဦး မစိုးရိမ်ရဒဏ်ရာများရရှိ

ရန်ကုန်၊ ဩဂုတ် ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Elite ခရီးသည်တင်ယာဉ်လိုင်းမှ အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦးလုံး မစိုးရိမ်ရဒ-ဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈/၁ နှင့် ၅၈/၂ ကြားအရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းအား ဝင်တို-က်မိပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅ ဦး လိုက်ပါလာပြီး ဖြစ်စဉ်ကြောင့် အားလုံး မစိုးရိမ်ရဒ-ဏ်ရာများ ရရှိခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပဲခူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းများအနေဖြင့် နှစ်နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများ၌ ခေတ္တအနားယူရန်၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန်နှင့် ခရီးသည်အားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေ သေချာစွာပတ်ထားရန် အသိပေးထားသည်။

ထို့ပြင် ထိုင်ခုံခါးပတ် မပတ်ထားသည့် ခရီးသည်များကို ယာဉ်ပေါ်ဝန်ထမ်းများက သတိပေးစောင့်ကြည့်၍ ခါးပတ်ပတ်စေရန်လည်း အသိပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအမျိုးသမီးချန်ပီယံလိဂ် ယှဉ်ပြိုင်မည့် ဧရာဝတီအသင်း ပြည်တွင်းထိပ်တန်းကစားသမား ၆ ဦးဖြင့် အင်အားဖြည့်

ရန်ကုန်၊ ဩဂုတ် ၁၅ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိနိုင်ရေးအတွက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ အသင်းအင်အား ထပ်မံဖြည့်တင်းလိုက်ကြောင်း သိရသည်။ ဧရာဝတီအမျိုးသမီးအသင်းသို့ အငှားစာချုပ်ဖြင့် ရောက်ရှိလာသည့် ကစားသမားများမှာ ရတနာပုံအသင်းမှ ဝင်းသိင်္ဂီထွန်း၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ဇင်မိုးပြည့်၊ ISPE အသင်းမှ မိုးမမစိုး၊ လင်းမြင့်မိုရ်နှင့် ဇူးလတ်နဒီ၊ သစ္စာအားမာန်အသင်းမှ မေသက်မွန်မြင့်တို့ ဖြစ်ကြသည်။ အဆိုပါကစားသမားများသည် ပြည်တွင်းအမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် အတွေ့အကြုံရှိသည့် ကစားသမားများဖြစ်ပြီး ယခုကဲ့သို့ အင်အားဖြည့်တင်းမှုနှင့်အတူ ဧရာဝတီအမျိုးသမီးအသင်းအနေဖြင့် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုများ...

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေချိန် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ အစားအစာများ စားသုံးရာတွင် အထူးဂရုပြုရန် အသိပေး

ပုသိမ်၊ ဩဂုတ် ၁၅ လက်ရှိဖြစ်ပွားလျက်ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် ရောင်းချနေသည့် အကင်များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။ အကင်များဝယ်ယူစားသုံးရာတွင် သေချာကျက်အောင် ချက်ပြုတ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် ချက်ပြုတ်ပြီးသားအစားအစာများကို လက်ဗလာဖြင့် မကိုင်တွယ်ဘဲ ဇွန်း၊ ညှပ် သို့မဟုတ် သန့်ရှင်းသောလက်အိတ်များ အသုံးပြုကိုင်တွယ်သည့် ဆိုင်များကို ရွေးချယ်စားသုံးရန် အသိပေးထားသည်။ ထို့ပြင် အစားအစာများကို ဖုန်၊ ယင်ကောင်နှင့် အခြားပိုးမွှားများ မထိတွေ့စေရန်...

ရန်ကုန်အဝေးသင်တက္ကသိုလ်၌ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်အကြိုပြင်ဆင်နိုင်မယ့် ဆွေးနွေးပွဲ ပြုလုပ်

ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပညာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကာ Job-Ready Skills Workshop for Youth ခေါင်းစဉ်ဖြင့် နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်မဝင်မှီကြိုတင်ပြင်ဆင်ထားနိုင်မှုများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့ လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအိအိဟန် နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဆရာ/မများနှင့် နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071