Home News Local News Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက် ထိုးကျတိမ်းမှောက်၊ ယာဉ်ပေါ်ပါ ၁၅ ဦး မစိုးရိမ်ရဒဏ်ရာများရရှိ

Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက် ထိုးကျတိမ်းမှောက်၊ ယာဉ်ပေါ်ပါ ၁၅ ဦး မစိုးရိမ်ရဒဏ်ရာများရရှိ

0
98

ရန်ကုန်၊ ဩဂုတ် ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Elite ခရီးသည်တင်ယာဉ်လိုင်းမှ အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦးလုံး မစိုးရိမ်ရဒ-ဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈/၁ နှင့် ၅၈/၂ ကြားအရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းအား ဝင်တို-က်မိပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅ ဦး လိုက်ပါလာပြီး ဖြစ်စဉ်ကြောင့် အားလုံး မစိုးရိမ်ရဒ-ဏ်ရာများ ရရှိခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပဲခူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းများအနေဖြင့် နှစ်နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများ၌ ခေတ္တအနားယူရန်၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန်နှင့် ခရီးသည်အားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေ သေချာစွာပတ်ထားရန် အသိပေးထားသည်။

ထို့ပြင် ထိုင်ခုံခါးပတ် မပတ်ထားသည့် ခရီးသည်များကို ယာဉ်ပေါ်ဝန်ထမ်းများက သတိပေးစောင့်ကြည့်၍ ခါးပတ်ပတ်စေရန်လည်း အသိပေးထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here