Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal News

Category: Local News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

နိုင်ငံရေးပါတီများအားမကောင်းပါက ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန်မဖြစ်နိုင်၍ ပြည်သူများကိုယ်တိုင်...

ပါတီစုံဒီမိုကရေစီတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာအရေးကြီးပြီး နိုင်ငံရေးပါတီများ အားမကောင်းပါက ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန်မဖြစ်နိုင်သဖြင့် နိုင်ငံရေးပါတီများ အားကောင်းရန် ပြည်သူများကိုယ်တိုင် နိုင်ငံရေးပါတီများအပေါ်တွင် ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိစေလိုသည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့က နေပြည်တော်၌ကျင်းပသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်...

ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68)...

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68) အား အသုံးပြုရန်သင့်လျော်သည့် မော်တော်ယာဉ်များသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းထုတ်ဓာတ်ဆီကို ပထမအဆင့်အနေဖြင့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၁)ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် (၂)ဆိုင်၊ စုစုပေါင်း (၃) ဆိုင်တို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ (၄)...

Online အသုံးပြုလိ-မ်လ-ည်မှုများကို မြန်မာ-လာအိုနှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်မည်

Online အသုံးပြုလိ-မ်လ-ည်မှုအပါအဝင် ဆိုက်ဘာရာဇဝတ်မှု၊ နယ်စပ်ဖြတ်ကျော်လေ-ာင်းကစားမှု၊ မူးယ-စ်ဆေးဝါးမှုနှင့် လူကု-န်ကူးမှုကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများအား မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်သည်။ ထိုသို့ ပူးပေါင်းတိုက်ဖျက်မှုများပြုလုပ်ရန် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပသည့် နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်...

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ရန်ပုံငွေကျပ်...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် နေအိမ်ပေါင်း (၁၁၀၂၀) လုံးကို ရန်ပုံငွေကျပ် (၇၅၂ ဒသမ ၄၀၀) သန်းဖြင့် အားဖြည့်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားမှ သိရသည်။ မကြာမီတွင် ဆောင်းအကုန် နွေအကူးကာလကို ရောက်ရှိမည်ဖြစ်သည့်အတွက်...

ဧရာဝတီ နှင့် ရန်ကုန်အပါအဝင်...

ဧရာဝတီတိုင်း တောင်ပိုင်းဒေသများ၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်တလျှောက်နှင့် ရန်ကုန်/ပဲခူးတောင်ပိုင်းခရိုင်ဒေသများ၊ မွန် ပြည်နယ် သံလွင်မြစ်အောက်ပိုင်းတလျှောက်ဒေသများ၌ နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းသည့် အခြေအနေဖြစ်ပေါ်နိုင်သောကြောင့် လေကြောင်းနှင့် ရေကြောင်းခရီးများ သတိပြုသွားလာကြရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ပြောကြားထားသည်။ ဇန်နဝါရီ (၂၆) ရက် နံနက်အစောပိုင်း(၄) နာရီမှ နံနက် (၇)...

ဘုတလင်မြို့နယ်တွင် ဆောင်းနေကြာ ဧက...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာဧက (၂)သောင်းနီးပါး စိုက်ပျိုးထားကြောင်း ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဘုတလင်မြို့နယ်တွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များဖြင့်စိုက်ပျိုးထားခြင်းဖြစ်သည်။ "တောင်သူလယ်သမားတွေ ဆောင်းသီးနှံ နေကြာ စိုက်ပျိုးရာသီမှာ သီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ၊သွင်းအားစု၊...

ရန်ကုန်ရှိ မြို့နယ်(၂)ခုတွင် ယနေ့နံနက်ပိုင်းက...

ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့ နယ်တို့တွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှု(၂)ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်အချို့ နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား၍ အလုံမြို့နယ်မီးသတ်စခန်း၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်း၊...

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်က ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့်...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ...

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသော ပါတီ (၁၉) ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!