Sunday, September 20, 2026

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ...

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့်...

နီပေါသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်း...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နီပေါနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကြုံပစ္စည်းများ သယ်ယူရာတွင် အထူးသတိပြုကြရန် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၁၈ ရက်တွင်...
HomeNewsLocal Newsသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ရန်ပုံငွေကျပ်...

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ရန်ပုံငွေကျပ် ၇၅၂ ဒသမ ၄၀၀ သန်းဖြင့် မွမ်းမံမည်

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် နေအိမ်ပေါင်း (၁၁၀၂၀) လုံးကို ရန်ပုံငွေကျပ် (၇၅၂ ဒသမ ၄၀၀) သန်းဖြင့် အားဖြည့်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားမှ သိရသည်။

မကြာမီတွင် ဆောင်းအကုန် နွေအကူးကာလကို ရောက်ရှိမည်ဖြစ်သည့်အတွက် နွေဦးရာသီအစနှင့် မုတ်သုံအဝင်ကာလများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုသည် အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း လေတိုက်နှုန်းပေါ်မူတည်ပြီး လေပြင်းတိုက်ခတ်နိုင်မှုများ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှုများကို အဆင့်များသတ်မှတ်အသိပေးလျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး၊ ပြည်နယ် (၁၅) ခုတွင် နေအိမ်ပေါင်း (၂၃၇၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုတွင် နေအိမ်ပေါင်း (၇၅၀၀၀)ကျော်ကို ရန်ပုံငွေကျပ် (၂ ဒ သမ ၇) ဘီလီယံကျော် ကျခံသုံးစွဲ၍ အားဖြည့်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် နေအိမ်ပေါင်း (၁၁၀၂၀) လုံးကို ရန်ပုံငွေကျပ် (၇၅၂ ဒသမ ၄၀၀) သန်းဖြင့် အားဖြည့်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့် ရွှေတိဂုံပုံတူစေတီတော်တည်ထားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့် သာသနိကအဆောက်အဦများအား ယခင် နယ်ခြားစောင့်တပ်အ ထွေထွေအတွင်းရေးမှူး(ဟောင်း)ဦးစောချစ်သူ ကမတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ဗျူဟာကုန်း၌ ရွှေတိဂုံပုံတူစေတီတော်အပြင် သစ်တံခါးဆရာတော်ကြီး၏ နည်းနာနိဿယဖြစ်သော ညောင်ဆယ်ပင်အဓိဌာန်စခန်းနှင့် သာသနိကအ ဆောက်အအုံများကိုလည်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ Photo- ကိုနေနော်(မြဝတီ)

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ ပထမဆုံးရှုံးပွဲကြုံ

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ ပွဲစကတည်းက အိမ်ရှင်ဘရိုက်တန်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၁ မိနစ်တွင် ဝါရင့်ကွင်းလယ်ကစားသမား ပါစကယ် ဂရော့စ် (Pascal Groß) က အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် ၄၅ မိနစ်တွင် တိုက်စစ်မှူး ချာလာလမ်ပို့စ် ကိုစတူလက်စ် (Charalampos...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071