Monday, August 3, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal News

Category: Local News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

မြစ်ကြီးနားမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု...

မြစ်ကြီးနားမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု ဆိုင်းဘုတ်ထောင်အသိပေး ဆိုင်ဖွင့်ရန်ပြောထား၍ စက်သုံးဆီအရောင်းဆိုင်များစိုးရိမ်နေ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ ဆိုင်အသီးသီးနှင့်ဒေသခံများအား အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု ဥပဒေပုဒ်မများနှင့်အသံတိတ်သပိတ်မပြုလုပ်ရန်ရေးသားထားသည့် ဆိုင်းဘုတ်ထောင်၍ အသိပေးကြေညာထား သည်။ အဆိုပါ ဆိုင်းဘုတ်များအား မြို့မစျေးအနီးရှိ ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်၍ ထောင်ထားခြင်းဖြစ်သည်။ "တစ်ဖက်က ဆိုင်ပိတ်ဖို့နှိုးဆော်တယ် တစ်ဖက်ကဆိုင်မပိတ်ဖို့ပြောတယ် ကျွန်တော်တို့ကစက်သုံးဆီရောင်းတာလေ မဖွင့်ရင်လည်းဆုံးရှုံးမှုကကြီးမယ်အဖမ်းပါခံရနိုင်တယ်...

ကသာမြို့နယ်YCDC ရုံး၌ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကသာမြို့နယ်YCDC ရုံး၌ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွား စစ်ကိုင်းတိုင်း၊ကသာမြို့၊လမ်းမတော်လမ်းရှိ မြို့ နယ်စည်ပင်ရုံးဝင်းအတွင်း ဇန်နဝါရီ ၃၀ ရက်(ယ နေ့)နံနက် ၁၀ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ "ဗုံးပေါက်သံတော့ကြားတယ် စည်ပင်ရုံးထဲက ဒီနေ့ရုံးပိတ်ရက်ဖြစ်နေတာတော်သေးတယ်ပြောရမယ် အရင်နေ့ကဆိုရင် စည်ပင်ရုံးမှာလူများတယ် ဒီနေ့လူမရှိတော့ထိခိုက်တဲ့လူလည်းမရှိဘူး"ဟုဒေသခံတစ်ဦးကပြောသည်။ မြို့နယ်စည်ပင်ရုံးဝင်းအတွင်းပေါက်ကွဲမှုသည် စည်ပင်အင်ဂျင်နီယာမှူး၏ရုံးခန်းအတွင်းမှပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ပြတင်းတံခါးမှန်များနှင့်အ ဆောက်အဦး၏နေရာအချို့ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည်။ အခင်းဖြစ်ပြီးနောက်...

ဖာပွန်မြို့ရှိ အရပ်ဖက်ဌာနဆိုင်ရာဝန် ထမ်းများ...

ဖာပွန်မြို့ရှိ အရပ်ဖက်ဌာနဆိုင်ရာဝန် ထမ်းများ ၁၀ ရက်အတွင်းထွက်ခွာရန် KNU အသိပေးစာထုတ် ကရင်ပြည်နယ်၊မူတြော်ခရိုင်၊ဖာပွန်မြို့ရှိ အရပ်ဖက်ဌာနဆိုင်ရာရုံးများ၌ တာဝန်ထမ်းဆောင်နေသူများအား KNU / KNLA တပ်မဟာ(၅)မှ ဖာပွန်မြို့အတွင်းမှ ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အတွင်း အမြန်ဆုံးပြန်လည်ထွက်ခွာရန် ဇန်နဝါရီ ၂၉ ရက်ကအသိပေးစာထွက်ပေါ်ခဲ့သည်။ ဖာပွန်မြို့သည် KNU...

မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရပ်ကျေးရုံး...

မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရပ်ကျေးရုံး လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ တစ်ဦးဒဏ်ရာရ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ညောင်ပင်စျေးအနီး၊ ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းပေါ်ရှိ ရပ်ကျေးရုံးအား ဆိုင်ကယ်စီးလာသူနှစ်ဦးက ဇန်နဝါရီ ၂၉ ရက်နေ့လည် ၁ နာရီခန့်တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။ ဆိုင်ကယ်စီးလာသူနှစ်ဦးသည် ရပ်ကျေးရုံးအားလက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ညောင်ပင်စျေးအနီးနေသူများထံမှ...

မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာသည့်ကားအား...

မြန်မာနိုင်ငံသား ၁၀ ဦးတင်ဆောင်လာသည့်ကားအား ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ကသေနတ်ဖြင့်ပစ်ခတ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊စိုင်ယို့မြို့ နယ်၊စိုင်ယို့ကျေးရွာအနီး၌ ဇန်နဝါရီ ၂၈ ရက်နံ နက် ၁၀ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု ထိုင်းဒေသတွင်းသတင်းများ၌ရေးသားဖော်ပြထားသည်။ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးအားတင်ဆောင်လာသည့် ကိုယ်ပိုင်ကားအား စိုင်ယို့ကျေးရွာလုံခြုံရေးအဖွဲ့များက စစ် ဆေးရန်တားဆီးစဥ်ရပ်တန့်ပေးခြင်းမရှိဘဲ...

နေပြည်တော်တွင် အသံတိတ်သပိတ်၌ ပါဝင်ခြင်းမပြုရန်...

နေပြည်တော်တွင် အသံတိတ်သပိတ်၌ပါဝင်ခြင်းမပြုရန် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံနှိုးဆော် နေပြည်တော်ရှိ မြို့နယ်များအတွင်း နေထိုင်သူ များအား ဖေဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ရန်လှုံ​ဆော်မှုအား ပါဝင်ခြင်းမပြုရန် နစက ၏လုံခြုံရေးအဖွဲ့ဝင်များ၊စည်ပင်သာယာရေးဝန်ထမ်းများ၊ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများက လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။ ဇန်နဝါရီ ၂၇ ရက်မှစတင်၍ လိုက်လံနှိုးဆော်အ သိပေးလျက်ရှိပြီး လိုက်နာခြင်းမရှိသူများအား ဥပဒေအရအရေးယူသွားမည်ဟုလည်း အသိပေးနှိုးဆော်ခဲ့ကြသည်။ "အသံချဲ့စက်တွေနဲ့လိုက်အော်တယ် လက်ကမ်းစာစောင်တွေလည်းပေးတယ် အသံတိတ်သပိတ်မှာမပါဖို့နဲ့ပါတယ်ဆိုရင်...

ဆောတိမြို့နယ်ရှိ ကျေးရွာသုံးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့်...

ဆောတိမြို့နယ်ရှိ ကျေးရွာသုံးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ ၅၀၀ နီးပါးထွက် ပြေးတိမ်းရှောင် ညောင်လေးပင်ခရိုင်၊ဆောတိမြို့နယ်အတွင်း ဇန်နဝါရီ ၂၇ ရက်နံနက်အစောပိုင်းမှစတင်၍ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNLA တို့ကြားတွင် တိုက်ပွဲများဖြစ်ပွားကာ လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုသည် ဆောတိမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအနီးတွင်လည်းဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားမှုကြောင့် ကော်ကပ်၊ခမောက်ခွင်၊မိုးဘောကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်အချို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသူ၊ရွာသား ၅၀၀ နီးပါးခန့်မှာ...

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး...

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ဆွေးနွေး လက်ရှိကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများအပါအဝင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်သည့် နစက အစည်းအဝေး (၂/၂၀၂၂)တွင် နစကဥက္ကဌက...

စက်သုံးဆီအထူးနှုန်းဖြင့်ရောင်းချပေးသည့်ဆိုင်များတွင် သတ်မှတ်စျေးထက်ပိုပေးရပါက တိုင်...

စက်သုံးဆီအထူးနှုန်းဖြင့်ရောင်းချပေးသည့်ဆိုင်များတွင် သတ်မှတ်စျေးထက်ပိုပေးရပါက တိုင် ကြားရန် ဖုန်းနံပါတ်များအား နစက ထုတ်ပြန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ပူးပေါင်း၍ စက်သုံးဆီဝယ်ယူသူများအဆင်ပြေစေရန် ရည်ရွယ်၍ ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့်စက်သုံးဆီမှာယူတင်သွင်းခဲ့သည့်ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် (၁၂ ဒသမ ၅၄ သန်း)ခန့်ကိုအထူးဈေးနှုန်းဖြင့် ကုမ္ပဏီ ၁၁ ခုမှတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!