Tuesday, August 4, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsမြစ်ကြီးနားမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု...

မြစ်ကြီးနားမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု ဆိုင်းဘုတ်ထောင်အသိပေး ဆိုင်ဖွင့်ရန်ပြောထား၍ စက်သုံးဆီအရောင်းဆိုင်များစိုးရိမ်နေ

မြစ်ကြီးနားမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု ဆိုင်းဘုတ်ထောင်အသိပေး ဆိုင်ဖွင့်ရန်ပြောထား၍ စက်သုံးဆီအရောင်းဆိုင်များစိုးရိမ်နေ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ ဆိုင်အသီးသီးနှင့်ဒေသခံများအား အသံတိတ်သပိတ်ပြုလုပ်ပါက အရေးယူမည်ဟု ဥပဒေပုဒ်မများနှင့်အသံတိတ်သပိတ်မပြုလုပ်ရန်ရေးသားထားသည့် ဆိုင်းဘုတ်ထောင်၍ အသိပေးကြေညာထား သည်။

အဆိုပါ ဆိုင်းဘုတ်များအား မြို့မစျေးအနီးရှိ ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်၍ ထောင်ထားခြင်းဖြစ်သည်။

“တစ်ဖက်က ဆိုင်ပိတ်ဖို့နှိုးဆော်တယ် တစ်ဖက်ကဆိုင်မပိတ်ဖို့ပြောတယ် ကျွန်တော်တို့ကစက်သုံးဆီရောင်းတာလေ မဖွင့်ရင်လည်းဆုံးရှုံးမှုကကြီးမယ်အဖမ်းပါခံရနိုင်တယ် ဖွင့်ပြန်ရင်လည်း အဲ့တစ်ရက်တည်းမဟုတ်ဘူး နေ့စဥ်ရက်ဆက်စိုးရိမ်ပြီးဖွင့်ရမယ် ဘယ်အချိန်ဗုံးပစ်ခံရမလဲ မီးရှို့ခံရမလဲဆိုတာလန့်နေရမှာ ခုချိန်ထိစဥ်းစားဆုံးဖြတ်လို့မရသေးဘူး”ဟုမြစ်ကြီးနားမြို့ ဆီအရောင်းဆိုင်တစ်ဆိုင်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ အသိပေးဆိုင်းဘုတ်ထောင်ထားခြင်းများအပြင် မြို့နယ်နှင့်ရပ်ကွက်များအလိုက် ရပ်ကျေးအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများမှ အသံတိတ်သ ပိတ်၌ပါဝင်ခြင်းမပြုလုပ်ရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးကြေညာခြင်းများပြုလုပ်လျက်ရှိသည်။

အလားတူ စျေးများနှင့်စျေးဆိုင်များ၊လမ်းဆုံများ၊လမ်းမကြီးများပေါ်တွင်လည်း အသံတိတ်သပိတ်၌ပါဝင်ခြင်းမပြုလုပ်ရန် ပြုလုပ်ပါကအရေးယူမည့်စာသားများပါဝင်သည့် လက်ကမ်းစာစောင်များအား လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။

“ဘယ်လိုပဲဖြစ်ဖြစ် စားဝတ်နေရေးကအရေးကြီးတယ် အလုပ်ပိုင်ရှင်ကဖွင့်မယ်ဆိုရင်ကျွန်တော်ကတော့ မိသားစုအဆင်ပြေအောင်အလုပ်သွားမယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အသံတိတ်သပိတ်ပြုလုပ်ရာ၌ပါဝင်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)တို့ဖြင့်အရေးယူသွားမည်ဖြစ်သည်ဟု နစက မှထုတ်ပြန်ထားသည်။

Zaw Gyi

ျမစ္ႀကီးနားၿမိဳ႕တြင္ အသံတိတ္သပိတ္ျပဳလုပ္ပါက အေရးယူမည္ဟု ဆိုင္းဘုတ္ေထာင္အသိေပး ဆိုင္ဖြင့္ရန္ေျပာထား၍ စက္သုံးဆီအေရာင္းဆိုင္မ်ားစိုးရိမ္ေန

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕ရွိ ဆိုင္အသီးသီးႏွင့္ေဒသခံမ်ားအား အသံတိတ္သပိတ္ျပဳလုပ္ပါက အေရးယူမည္ဟု ဥပေဒပုဒ္မမ်ားႏွင့္အသံတိတ္သပိတ္မျပဳလုပ္ရန္ေရးသားထားသည့္ ဆိုင္းဘုတ္ေထာင္၍ အသိေပးေၾကညာထား သည္။

အဆိုပါ ဆိုင္းဘုတ္မ်ားအား ၿမိဳ႕မေစ်းအနီးရွိ ျပည္သူ႔ရင္ျပင္၌ ဇန္နဝါရီ ၂၈ ရက္ေန႔မွစတင္၍ ေထာင္ထားျခင္းျဖစ္သည္။

“တစ္ဖက္က ဆိုင္ပိတ္ဖို႔ႏႈိးေဆာ္တယ္ တစ္ဖက္ကဆိုင္မပိတ္ဖို႔ေျပာတယ္ ကြၽန္ေတာ္တို႔ကစက္သုံးဆီေရာင္းတာေလ မဖြင့္ရင္လည္းဆုံးရႈံးမႈကႀကီးမယ္အဖမ္းပါခံရႏိုင္တယ္ ဖြင့္ျပန္ရင္လည္း အဲ့တစ္ရက္တည္းမဟုတ္ဘူး ေန႔စဥ္ရက္ဆက္စိုးရိမ္ၿပီးဖြင့္ရမယ္ ဘယ္အခ်ိန္ဗုံးပစ္ခံရမလဲ မီးရႈိ႕ခံရမလဲဆိုတာလန္႔ေနရမွာ ခုခ်ိန္ထိစဥ္းစားဆုံးျဖတ္လို႔မရေသးဘူး”ဟုျမစ္ႀကီးနားၿမိဳ႕ ဆီအေရာင္းဆိုင္တစ္ဆိုင္မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ထိုသို႔ အသိေပးဆိုင္းဘုတ္ေထာင္ထားျခင္းမ်ားအျပင္ ၿမိဳ႕နယ္ႏွင့္ရပ္ကြက္မ်ားအလိုက္ ရပ္ေက်းအဖြဲ႕ဝင္မ်ားႏွင့္ရပ္မိရပ္ဖမ်ားမွ အသံတိတ္သ ပိတ္၌ပါဝင္ျခင္းမျပဳလုပ္ရန္ အသံခ်ဲ႕စက္မ်ားျဖင့္ လိုက္လံအသိေပးေၾကညာျခင္းမ်ားျပဳလုပ္လ်က္ရွိသည္။

အလားတူ ေစ်းမ်ားႏွင့္ေစ်းဆိုင္မ်ား၊လမ္းဆုံမ်ား၊လမ္းမႀကီးမ်ားေပၚတြင္လည္း အသံတိတ္သပိတ္၌ပါဝင္ျခင္းမျပဳလုပ္ရန္ ျပဳလုပ္ပါကအေရးယူမည့္စာသားမ်ားပါဝင္သည့္ လက္ကမ္းစာေစာင္မ်ားအား လိုက္လံျဖန္႔ေဝေပးလ်က္ရွိသည္။

“ဘယ္လိုပဲျဖစ္ျဖစ္ စားဝတ္ေနေရးကအေရးႀကီးတယ္ အလုပ္ပိုင္ရွင္ကဖြင့္မယ္ဆိုရင္ကြၽန္ေတာ္ကေတာ့ မိသားစုအဆင္ေျပေအာင္အလုပ္သြားမယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

အသံတိတ္သပိတ္ျပဳလုပ္ရာ၌ပါဝင္သူမ်ားအား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၂(က)၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၄-က၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-က၊အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒပုဒ္မ ၃၃ (က)တို႔ျဖင့္အေရးယူသြားမည္ျဖစ္သည္ဟု နစက မွထုတ္ျပန္ထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071