နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ် ၃ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ငြိမ်းချမ်းရေးအ တွက်တွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် UWSP ဒုတိယ ဥက္ကဋ္ဌက နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံ တော်သမ္မတရာထူးတာဝန်ထမ်းဆောင်ခြင်းကိုထပ်လောင်းဂုဏ်ပြုခဲ့ပြီး ပြည် ထောင်စုမပြိုကွဲရေးဟူသော အခြေခံမူကိုတစိုက်မတ်မတ်စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်းအခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအပေါ် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။
ပြည်သူလူထု၏ လုံခြုံမှုကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစေကာ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုစသည့် အမျိုးမျိုးသောပြစ်မှုဆိုင်ရာများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နှိမ်နင်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်ကလည်း UWSP နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခင်း အကျင်းများရရှိလာရေးအတွက် အ သေးစိတ်ဆက်လက်ဆွေးနွေးပေးစေလိုသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် NSPNC ကော်မတီဝင် ဒုတိ ယဗိုလ်ချုပ်ကြီးအေးဝင်း(ငြိမ်း)က UWSP ၏ နိုင်ငံရေးလိုလားချက်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြ ဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်နိုင်မည့်အစီအမံများ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က နိုင်ငံတော်အစိုးရရှေ့ဆက်ဆောင် ရွက်နေသည့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွင်ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်အား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက ကျန်း မာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူ ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကော်မတီအတွင်းရေးမှူး ဒုတိ ယဗိုလ်ချုပ်ကြီး မင်းနိုင်က NSPNC နှင့် UWSP ကြားဆက်သွယ်ရေးလမ်း ကြောင်းတစ်ခုထားရှိခြင်းဖြင့် ကျန်းမာ ရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အကောင်အထည်ဖော်မှုအ ပေါ် ပိုမိုအထောက်အကူဖြစ်စေပြီး ရေ ရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးသို့ ဦးတည်ရောက်ရှိစေနိုင်မည်ဖြစ်၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအ ပေါ်အခြေခံပြီး လက်တွေ့ကျသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရေးတို့ကိုဆွေးနွေးပြောကြားခဲ့သည်။
