လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ဆွေးနွေး
လက်ရှိကာလတွင် နယ်မြေဒေသများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများအပါအဝင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်သည့် နစက အစည်းအဝေး (၂/၂၀၂၂)တွင် နစကဥက္ကဌက ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အသေးစိတ်ကိုမူ ထည့်သွင်းထုတ်ပြန်ထားခြင်းတော့ မရှိပေ။
အဆိုပါအစည်းအဝေးအတွင်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်များပတ်သက်ပြီး တပ်မတော် ကနိုင်ငံတော်တာဝန်ရယူထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်းကောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တပ်မတော်က နို င်ငံတော်တာဝန်ရယူမထိန်းသိမ်းမီအခြေအနေနှင့် ရယူထိန်းသိမ်းပြီးနောက် အခြေ အနေများကိုလည်းကောင်း၊ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်တာဝန် မယူမီအခြေအနေနှင့် တာဝန်ယူပြီးနောက် အခြေအနေများကို လည်းကောင်း၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီးတပ်မတော်ကတာဝန်မယူမီ ဘာသာ၊ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုများဖျက်ဆီးခံရမှုအခြေအနေများ၊ တပ်မတော် မှတာဝန်ယူပြီးနောက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်း
ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက် (၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး နိုင်ငံသား အားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ် – ၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆော င်ရွက်နေသည့် အခြေအနေများကိုပါ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ယင်းအပြင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများ၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အကောင် အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားကြောင်းလည်း သတင်းထုတ်ပြန်မှုထဲ ဖော်ပြထားသည်ကိုတွေ့ရသည်။
Zaw Gyi
လာမည့္ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲတြင္ ၿမိဳ႕နယ္အားလုံး ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ား ေဆြးေႏြး
လက္ရွိကာလတြင္ နယ္ေျမေဒသမ်ား လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ေဆာင္႐ြက္လ်က္ရွိမႈအေျခအေနမ်ားအပါအဝင္ လာမည့္ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲတြင္ ၿမိဳ႕နယ္အားလုံး ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ဇန္နဝါရီ ၂၉ ရက္ေန႔က ျပဳလုပ္သည့္ နစက အစည္းအေဝး (၂/၂၀၂၂)တြင္ နစကဥကၠဌက ေျပာဆိုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အေသးစိတ္ကိုမူ ထည့္သြင္းထုတ္ျပန္ထားျခင္းေတာ့ မရွိေပ။
အဆိုပါအစည္းအေဝးအတြင္း ႏိုင္ငံေရးဆိုင္ရာကိစၥရပ္မ်ားပတ္သက္ၿပီး တပ္မေတာ္ ကႏိုင္ငံေတာ္တာဝန္ရယူထိန္းသိမ္းခဲ့ရသည့္ အေျခအေနမ်ား၊ ႏိုင္ငံေတာ္တာဝန္ကို ထိန္းသိမ္းၿပီးေနာက္ လုပ္ေဆာင္ခဲ့မႈႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္ အေျခအေန မ်ားကိုလည္းေကာင္း၊ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး တပ္မေတာ္က ႏို င္ငံေတာ္တာဝန္ရယူမထိန္းသိမ္းမီအေျခအေနႏွင့္ ရယူထိန္းသိမ္းၿပီးေနာက္ အေျခ အေနမ်ားကိုလည္းေကာင္း၊ စီးပြားေရးဆိုင္ရာမ်ားႏွင့္ပတ္သက္ၿပီး တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္ မယူမီအေျခအေနႏွင့္ တာဝန္ယူၿပီးေနာက္ အေျခအေနမ်ားကို လည္းေကာင္း၊ လူမႈေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီးတပ္မေတာ္ကတာဝန္မယူမီ ဘာသာ၊ သာသနာ၊ ျမန္မာ့ယဥ္ေက်းမႈမ်ားဖ်က္ဆီးခံရမႈအေျခအေနမ်ား၊ တပ္မေတာ္ မွတာဝန္ယူၿပီးေနာက္ ျပန္လည္ထိန္းသိမ္းေဆာင္႐ြက္ခဲ့မႈ အေျခအေနမ်ားကိုလည္း
ေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ႏွင့္ ဦးတည္ ခ်က္ (၉)ရပ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံသား အားလုံး ႏိုင္ငံသားစိစစ္ေရးကတ္ရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ကိုဗစ္ – ၁၉ ကပ္ေရာဂါ ကာကြယ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္မျပတ္ ဆက္လက္ေဆာ င္႐ြက္ေနသည့္ အေျခအေနမ်ားကိုပါ ေဆြးေႏြးခဲ့ၾကသည္ဟု ထုတ္ျပန္ခ်က္အရသိရသည္။
ယင္းအျပင္ တစ္ႏိုင္ငံလုံးထာဝရၿငိမ္းခ်မ္းေရး ရရွိေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ ျပည္သူမ်ား၏ လူမႈစီးပြား ဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားအား အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ တစ္မ်ိဳးသားလုံးက်န္းမာႀကံ့ခိုင္ေရးႏွင့္ ပညာရည္ျမင့္မားေရးအတြက္ အေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို လည္းေကာင္း အေသးစိတ္ရွင္းလင္း ေျပာၾကားေၾကာင္းလည္း သတင္းထုတ္ျပန္မႈထဲ ေဖာ္ျပထားသည္ကိုေတြ႕ရသည္။
