Thursday, May 14, 2026

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ...

​ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။ မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့်...

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း...

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ ယနေ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးအနေဖြင့်ရပ်ကွက်များအတွင်း တစ်အိမ်တက်...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

အင်ဒို၌ ဆိုရှယ်မီဒီယာသုံးရန် အနိမ့်ဆုံးအသက်...

ကလေ-းသူငယ်များကို အကာအကွယ်ပေးရန် ရည်မှန်းသည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်စည်းမျဉ်းထုတ်ရန် အင်ဒိုနီးရှားက စီစဉ်နေသည်ဟု ဆက်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်သည် အသက် ၁၆ နှစ်အောက်ကလေ-းများကို ဆိုရှယ်မီဒီယာသုံးခြင်းမှ တားမြစ်လိုက်သည့် သြစတြေးလျနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်အလားတူဖြစ်ပြီး အင်စတာဂရမ်၊ ဖေ့စ်ဘုတ်ပိုင်ရှင် Meta မှသည် TikTok အထိပါဝင်သော နည်းပညာကုမ္ပဏီကြီးများသည်...

တရုတ်နှင့်ဂျပန်အာဏာရပါတီများနီးကပ်စွာဆက်လက်ပူးပေါင်းမည်

ပေကျင်း၊ဇန်နဝါရီ ၁၅ တရုတ်နှင့်ဂျပန်တို့၏အာဏာရပါတီများသည် နှစ်နိုင်ငံအကြား မည်သို့သောအ‌ခြေအ‌နေမျိုး နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်စေ အနီးကပ်တွေ့ဆုံဆွေးနွေးမှုနှင့်ဆက်သွယ်မှုတို့ကို ဆက်လက်ထိန်းသိမ်းထားရန်သဘောတူခဲ့ကြကြောင်းသိရသည်။ နှစ်နိုင်ငံကိုယ်စားလှယ်များသည် ကိုးကြိမ်မြောက်အနေဖြင့် ပေကျင်း၌ကျင်းပသည့် တရုတ်နှင့်ဂျပန်အာဏာရပါတီများ တွေ့ဆုံဆွေးနွေး အမြင်ဖလှယ်ရေးဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်ကြစဉ် ယခုကဲ့သို့ သဘောတူခဲ့ကြခြင်းလည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၌ စတင်ခဲ့သည့် အစည်းအဝေးမှစ၍ နှစ်နိုင်ငံဖလှယ်ရေး ယန္တရားသည် နှစ်ဘက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အသိအမှတ်ပြုခဲ့ကြသည်။ နှစ်ဘက်ကိုယ်စားလှယ်များအနေဖြင့်...

ယူကရိန်းကို အကူအညီပေးမည့် မဟာမိတ်အဖွဲ့ဝင်များ၏...

နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၂၀ မှ နေတိုး ကာကွယ်ရေးဦးစီးချုပ်များသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ဘရပ်ဆဲလ်မြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယူကရိန်း၏ အခြေအနေ၊ မဟာမိတ်အဖွဲ့၏ လက်ရှိလုပ်ဆောင်နေသော မစ်ရှင်များနှင့် ရုရှားကို တန်ပြန်ရန်...

ဗီယက်နမ်နှင့်ရုရှားတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မည်

ဟနွိုင်း၊ဇန်နဝါရီ ၁၅ ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ရုရှားအနုမြူကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် ကို လက်ခံတွေ့ဆုံစဉ် ဗီယက်နမ်ဝန်ကြီးချုပ်က ၎င်းအနေဖြင့် နိုင်ငံ၏နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့သည့် နျူကလီးယားဓါတ်အားပေးစီမံကိန်းကို ပြန်လည်စတင်အကောင်အထည်ဖော်လိုပြီး တိုးတက်လာသောစက်မှုလုပ်ငန်းများနှင့် မြင့်မားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်များအတွက်...

၁၈နှစ်အောက်အိန္ဒိယကလေ-းများဆိုရှယ်မီဒီယာအကောင့်ဖွင့်လျှင်မိဘခွင့်ပြုချက်လို

အသက် ၁၈ နှစ်အောက် ကလေ-းများသည် ဆိုရှယ်မီဒီယာအကောင့်များ ဖွင့်ပါက မိဘ၏ သဘောတူခွင့်ပြုချက်လိုအပ်မည်ဖြစ်သော ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေမူကြမ်းကို အိန္ဒိယဗဟိုအစိုးရက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ကလေ-းငယ်၏ ကိုယ်ရေးအချက်အလက်များကို မလုပ်ဆောင်မီတွင် မိဘ၏ ခွင့်ပြုချက် ရယူရန်နှင့် ဂရုတစိုက် စောင့်ထိန်းသွားရန် သင့်လျော်သော နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့...

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။ ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး...

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် ကမ္ဘာတစ်ဝန်းရှိ လက်ရှိရောင်းချသူများသည် အထည်ချုပ်တင်သွင်းမှုများအတွက် အိန္ဒိယအပါအဝင် အခြားရွေးချယ်စရာနေရာများကို ရှာဖွေရန်...

တရုတ်ခရီးသွားများက ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြ

ထိုင်းနိုင်ငံတွင် လုံခြုံရေးကို စိုးရိမ်‌နေရမှုများကြောင့် လာမည့်တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွက် တရုတ်ခရီးသွားအဖွဲ့များ၏ အစုအပြုံလိုက် ခရီးစဉ်ဖျက်သိမ်းမှုများကို ဟိုတယ်နှင့် လေကြောင်းလိုင်းများ က ကြုံတွေ့လာရသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဟောင်ကောင် သရုပ်ဆောင်အဆိုတော် Eason Chan သည် သူ့ဖျော်ဖြေပွဲသို့ လာရောက်မည့် တရုတ်ပရိသတ်များ၏ လုံခြုံဘေးကင်းမှုကို စိုးရိမ်ခြင်းကြောင့်ဆိုကာ ထိုင်းတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲကို...

ပူတင်နှင့် အမြန်ဆုံး တွေ့သွားမည်–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် သမ္မတရာထူး ကို စတင်တာဝန်ယူပြီးသည်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမြန်ဆုံးတွေ့ဆုံသွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ်ပ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို စတင်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးဖြစ်လာမည့် တွေ့ဆုံမှု၏ အချိန်ကာလကိုမူ သူက ပြောဆိုခဲ့ခြင်းမရှိပေ။ စစ်ပွဲအဆုံးသတ်ရေး အတွက် သူ၏ နည်းလမ်းနှင့်ပတ်သက်၍...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!