Thursday, May 14, 2026

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ...

​ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။ မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့်...
HomeInternationalဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် ကမ္ဘာတစ်ဝန်းရှိ လက်ရှိရောင်းချသူများသည် အထည်ချုပ်တင်သွင်းမှုများအတွက် အိန္ဒိယအပါအဝင် အခြားရွေးချယ်စရာနေရာများကို ရှာဖွေရန် ဖြစ်စေခဲ့သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ရိုက်တာကို ပြောကြားခဲ့သည်။

“အမေရိကန်ကုမ္ပဏီတွေက အခြားအစားထိုးဖြည့်ဆည်းပေးနိုင်သူတွေကို ရှာဖွေနေတာကြောင့် ပြီးခဲ့တဲ့လအနည်းငယ်မှာ ပို့ကုန်အမှာတွေ အမြန်ပြည့်မီဖို့ အိန္ဒိယပို့ကုန်သမားတွေ ကြိုးစားနေကြရပါတယ်” ဟု အိန္ဒိယအထည်ချုပ်ပို့ကုန်မြှင့်တင်ရေးကောင်စီအထွေထွေအတွင်းရေးမှူး Mithileshwar Thakur က ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အထည်အလိပ်ကဏ္ဍသည် ခန့်မှန်းခြေ လူ ၄၅ သန်းခန့်ကို အလုပ်ပေးထားပြီး အစိုးရသည် အထည်အလိပ်လုပ်ငန်းဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို လက်ရှိ ရူပီး ၄၄ ဒဿမ ၁၇ ဘီလျံ(ဒေါ်လာ ၅၁၁ သန်း) မှ ၂၀၂၅/၂၆ တွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် အစိုးရက စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောသည်။

အစိုးရသည် အထည်အလိပ်ကဏ္ဍ၏ ထုတ်လုပ်မှုဆိုင်ရာ မက်လုံးပေးမှုများအတွက် ဘဏ္ဍာငွေခွဲဝေချထားပေးမှုကိုလည်း လက်ရှိဘဏ္ဍာနှစ်တွင် ရူပီးသန်း ၄၅၀ ရှိရာမှ သန်း ၆၀၀ ဝန်းကျင်တိုးမြှင့်ပေးနိုင်သည်ဟု သတင်းရင်းမြစ်က ပြောဆိုခဲ့သည်။

အဆိုပါအစီအစဉ်အရ အစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်ရန် ရွေးချယ်သော ကုမ္ပဏီများကို အခွန်လျှော့ချခြင်း မက်လုံးများနှင့် လိုက်လျောမှုများပေးမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်၊ အမှတ်(၇ရပ်ကွက်၊ မြို့နယ်အတွင်းရှိ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ လှိုင်ဝကျေးရွာ၊ ရန်ကုတ်ကျေးရွာတို့မှ တောင်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ် တန်းနေမှု၊ မြေကျင်းတူးဖော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်စည်ပင်ဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့သည်။

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG ကကူညီပေးနေ

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ အဆိုပါ အထည်ချပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်အား စက်ရုံပိုင်ရှင်က ယမန်နေ့ မေ ၁၃ ရက်ညနေ ၅ နာရီတွင် ၎င်းတို့၏ လုပ်ခလစာများကိုရှင်းပေးမည်ဟု ယင်းနေ့နံနက်ပိုင်းက ဆက်သွယ်ပြောကြားပြီးနောက် ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စက်ရုံ၌အလုပ်လုပ်ကိုင်နေသည်မှာ (၁)နှစ်မှ (၅)နှစ်ခန့်အထိရှိကြပြီဖြစ်သော မြန်မာအလုပ်သမား (၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရသဖြင့် ကူ ညီပေးပါရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071