Home News Local News နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

0
79

ဗန်ကောက်၊ ဩဂုတ် ၆

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။

အစိုးရအိမ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍ ဂုဏ်ပြုကြိုဆိုခဲ့ပြီး နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံဘက်မှ သံတမန်ရေးရာအကြီးအကဲက နိုင်ငံတော်သမ္မတအား ထိုင်းအစိုးရအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံဘက်မှ သံတမန်ရေးရာအကြီးအကဲကလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်အား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့သည်။

ယခုကဲ့သို့ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခြင်းသည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား အစဉ်အလာကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားယုံကြည်မှုတို့ကို ထင်ဟပ်စေခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here