Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်...

လေးမျက်နှာတွင် ရေကျော်မှုကို တားဆီးရန် Geo...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေသည့်နေရာများကို Geo Bag များ အသုံးပြု၍ တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...
HomeNewsLocal Newsလေးမျက်နှာရေဘေး ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံမဖြစ်မနေဝတ်ဆင်ကြရန်...

လေးမျက်နှာရေဘေး ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံမဖြစ်မနေဝတ်ဆင်ကြရန် တိုင်းအစိုးရအဖွဲ့မေတ္တာရပ်ခံ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ကူညီကယ်ဆယ်ရေးလုပ် ငန်းများပြုလုပ်လျက်ရှိသောအဖွဲ့ဝင်များအနေဖြင့် ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံ(Life Jacket)မဖြစ်မနေဝတ်ဆင်ကြရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။

ကယ်ဆယ်ရေးပြုလုပ်ရာတွင် စက်လှေ၊ လှေများဖြင့် ရေလမ်းကြောင်းအတိုင်းလှည့်လည်ကူညီချိန်များ၌ မမျှော်မှန်းနိုင်သော ရေစီးကြောင်းအန္တရာယ်နှင့် လှေမှောက်ခြင်း၊ တိမ်းမှောက်ခြင်းအန္တရာယ်များဖြစ်ပေါ်လာနိုင်၍ အသက်ကယ်ဝတ်စုံ(Life Jacket)မဖြစ်မနေဝတ်ဆင်ကြရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

စက်လှေ/လှေများပေါ် မစီးနင်းမှီ အသက်ကယ်ဝတ်စုံ (Life Jacket)များကိုပြည့်စုံစွာဝတ်ဆင်ပြီးမှသာ လိုက်ပါစီးနင်းကြရန်နှင့် ကိုယ်တိုင်ဘေးကင်းလုံခြုံမှသာ ရေဘေးအခက်အခဲကြုံတွေ့နေရသူများကို ထိရောက်စွာ ဆက်လက်ကူညီပေးနိုင်မည်ဖြစ်၍ လုံခြုံရေးသတိထားကြရန် တိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Reception Room ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ–ထိုင်းနှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား အပြန်အလှန်ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ...

လေးမျက်နှာတွင် ရေကျော်မှုကို တားဆီးရန် Geo Bag များဖြင့် ပိတ်ဆို့ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေသည့်နေရာများကို Geo Bag များ အသုံးပြု၍ တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မြစ်ကျိုးအင်း သဲကြောမှ ရေစိမ့်ထွက်မှုကို ထိန်းချုပ်ပြီး ရေစီးအား လျှော့ချနိုင်ရန်အတွက် သဲအပြည့်ဖြည့်ထားသည့် Geo Bag အိတ်ကြီးများကို ရေယာဉ်များ၊ သဲစုပ်သင်္ဘောများနှင့် စက်ယန္တရားများ အသုံးပြု၍ ရေအောက်အထိ စနစ်တကျ ဖိသိပ်ချပေးလျက်ရှိသည်။ ထို့ပြင် နိမ့်ဆင်းသွားသည့် တာအစိတ်အပိုင်းများကို သဲအိတ်များဖြင့် အဆင့်ဆင့် ထပ်မံဖုံးအုပ်ကာ အောက်ခံအုတ်မြစ် ခိုင်ခံ့အောင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071