ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်လှူဒါန်းပါဝင်​

0
640

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်လှူဒါန်းပါဝင်​

အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ၄၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် သရုပ်​ဆောင်​ဟောင်းတဦးဖြစ်သူ ဦးထွန်းထွန်း မှအလှူငွေ ၃ သိန်းကျပ်လှူဒါန်းပေးခဲ့ပါတယ်။

 လက်ရှိတွင် ဦးထွန်းထွန်းသည် ပြည်သူ့​ရေးရာစီမံခန့်ခွဲမူကွန်ယက် Myanmar Public Administration Network (MPAN)တွင်ဒုဥက္ကဌ အဖြစ်လည်း​ကောင်း၊ ABAC တွင် သင်ကြား​ရေးဆရာအဖြစ်လည်း​ကောင်း လုပ်​ဆောင်​နေပြီး မော်ဒယ်လ် ကြည်ဖြူ​အောင်၏ ဖခင်လည်းဖြစ်သည်။

လှူဒါန်းခြင်းကို ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ ဦးအေးကြူလေးနှင့်အဖွဲ့ကလက်ခံပြီး သက်ကြီးရွယ်အို အနုပညာရှင်များကိုယ်စား​ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

နှစ်စဥ်နှစ်တိုင်းရုပ်ရှင်သက်ကြီးပူဇော်ပွဲကို   အစဥ်အလာတစ်ခုအဖြစ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးယခုနှစ်ဆိုရင် ၄၅ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ယခုနှစ် ​အောက်တိုဘာ ၁၃ တွင် ကျင်းပမည့်သက်ကြီးပူ​ဇော်ပွဲအတွက် ကုသိုလ် ပါဝင်လိုများအားလည်း ဖိတ်​ခေါ်လျှက်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here