Friday, April 24, 2026

နိုင်ငံတကာတွင် မြန်မာ့အလံလွှင့်ထူနိုင်ရန် Esports Nations...

​မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် လာမည့် Esports Nations Cup (ENC) 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အသင်းများကို...

FIFA Football for School...

​မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် FIFA Football for School Program နှင့် Smart School အစီအစဉ်ကို ရန်ကုန်၊...

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊...

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့်အထူးသတိပြုသွားလာကြရန် လိုအပ်ကြောင်း မိုးဇ/လက ယနေ့တွင် သတိပေးထားသည်။ မိုးလေဝသနှင့်...

အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်းဆောင်ရွက်မည့်အစီအစဉ်များအရ...

အတိုးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့်ပင် စပါး၊ ဂျုံနှင့်ချည်မျှင်ရှည်ဝါအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ်နှစ်သိန်းခွဲအထိ ထုတ်ချေးမည် အစိုးရအဖွဲ့...
HomeInternationalLNG တင်သွင်းရေးအတွက် ဒေါ်လာ...

LNG တင်သွင်းရေးအတွက် ဒေါ်လာ ၄ သန်း ဗဟိုဘဏ်ထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသည့်ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များပါဝင်သည့် FX Trading Platform မှတစ်ဆင့် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက်မှ အမေရိကန်ဒေါ်လာ ၄ သန်းကို LNG တင်သွင်းရေးကုမ္ပဏီသို့ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အဆိုပါနေ့တွင်ပင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၃.၇၆၅ သန်း၊ Non-Trade လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၉၄၅,၈၃၁ နှင့် CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၅၃,၆၆၃ ကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားငွေဝယ်ယူရရှိမှုအနေဖြင့် စားသုံးဆီမှ ၁၁ ရာခိုင်နှုန်း၊ စက်သုံးဆီမှ ၅၄ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာမှ ၅ ရာခိုင်နှုန်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းမှ ၄ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းမှ ၃ ရာခိုင်နှုန်း၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းမှ ၁ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့မှ ၂ ရာခိုင်နှုန်း၊ ဂျုံမှ ၂ ရာခိုင်နှုန်း၊ အီလက်ထရောနစ်ပစ္စည်းများမှ ၁ ရာခိုင်နှုန်းနှင့် အခြားကုန်စည်များနှင့် Non-Trade Transaction များမှ ၁၁ ရာခိုင်နှုန်းဖြင့် ရရှိထားကြောင်း ဖော်ပြထားသည်။

ဧပြီလ ၂၃ ရက်နေ့ FX Trading Platform တွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ၁ ဒေါ်လာလျှင် ၃,၆၅၈ ကျပ်ဖြင့် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာတွင် မြန်မာ့အလံလွှင့်ထူနိုင်ရန် Esports Nations Cup (ENC) 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်းနည်းပြများ အတည်ပြုခန့်အပ်

​မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် လာမည့် Esports Nations Cup (ENC) 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အသင်းများကို ဦးဆောင်ရန်အတွက် အမျိုးသားအဆင့်နည်းပြများ (National Team Coaches) ကို အတည်ပြု ရွေးချယ်ခန့်အပ်လိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေငြာသည်။ ​ယခုရွေးချယ်ခံရသည့် နည်းပြများသည် Esports နယ်ပယ်တွင် အတွေ့အကြုံရင့်ကျက်ပြီး ပြည်တွင်းပြည်ပ အောင်မြင်မှုမှတ်တမ်းများစွာ ပိုင်ဆိုင်ထားသူများဖြစ်ကာ သက်ဆိုင်ရာ Esports Title တစ်ခုချင်းစီအလိုက် စနစ်တကျ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းပြများသည် ပြိုင်ပွဲဝင်...

FIFA Football for School Program ကို ရက်ပေါင်း (၁၀၀) စီမံချက်ဖြင့် အကောင် အထည်ဖော်မည်

​မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် FIFA Football for School Program နှင့် Smart School အစီအစဉ်ကို ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုတွင် ရက်ပေါင်း (၁၀၀) အတွင်း Pilot Project အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ​အဆိုပါ အစီအစဉ်အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကိုရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊​​ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်အား...

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊ ရေကြောင်းသွားလာရေး သတိပြုရန်လိုအပ်

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့်အထူးသတိပြုသွားလာကြရန် လိုအပ်ကြောင်း မိုးဇ/လက ယနေ့တွင် သတိပေးထားသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ ယနေ့ နံနက် (၈) နာရီထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေ အခြေအနေမှာ မုံရွာမြို့တွင် (၉၈) စင်တီမီတာ ရှိနေကြောင်း သိရသည်။ နောက် (၇) ရက်အတွင်း လက်ရှိရေမှတ်အောက် (၂) လက်မခန့် ထပ်မံကျဆင်းနိုင်ကာ မုံရွာမြို့၏ ရေနည်းသတိပေးမှတ်မှာ (၁၀၀) စင်တီမီတာဖြစ်သောကြောင့် လက်ရှိတွင် သတိပေးမှတ်အောက်သို့ ရောက်ရှိနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071