Home News Local News မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊ ရေကြောင်းသွားလာရေး သတိပြုရန်လိုအပ်

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေ၊ ရေကြောင်းသွားလာရေး သတိပြုရန်လိုအပ်

0
83

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ရေနည်းသတိပေးမှတ်အောက်သို့ ရောက်ရှိနေပြီး ရှေ့လာမည့်ရက်များတွင်လည်း ထပ်မံကျဆင်းနိုင်ခြေရှိသဖြင့် မြစ်ကြောင်းတစ်လျှောက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့်အထူးသတိပြုသွားလာကြရန် လိုအပ်ကြောင်း မိုးဇ/လက ယနေ့တွင် သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ ယနေ့ နံနက် (၈) နာရီထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေ အခြေအနေမှာ မုံရွာမြို့တွင် (၉၈) စင်တီမီတာ ရှိနေကြောင်း သိရသည်။

နောက် (၇) ရက်အတွင်း လက်ရှိရေမှတ်အောက် (၂) လက်မခန့် ထပ်မံကျဆင်းနိုင်ကာ မုံရွာမြို့၏ ရေနည်းသတိပေးမှတ်မှာ (၁၀၀) စင်တီမီတာဖြစ်သောကြောင့် လက်ရှိတွင် သတိပေးမှတ်အောက်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

မြစ်ရေကျဆင်းမှုကြောင့် ရေလမ်းကြောင်း ကျဉ်းမြောင်းခြင်းနှင့် သောင်ထွန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ရေ ယာဉ်မောင်းနှင်သူများအနေဖြင့် ရေကြောင်းအခြေအနေကို အမြဲမပြတ်နားစွင့်၍ ဂရုတစိုက်မောင်းနှင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here