Sunday, May 17, 2026

တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန် အနီးစခန်းလေဆိပ်ကိုအဆင့်မြှင့်တင်နေ

ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတပြော တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန်အတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုကို ယနေ့ မေ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတက ကြည့်ရှုစစ်ဆေးခဲ့သည်။ " အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင်ခဲ့တာဟာ...

ပြုံယမ်းအမျိုးသမီးဘောလုံးအသင်း ဆိုးလ်သို့ ရောက်ရှိ

အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကစားရန်အတွက် မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီးဘောလုံးအသင်းသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ကိုရီးယားဘာသာစကားအရ ကျွန်ုပ်တို့ ဇာတိမြို့ ဟု အဓိပ္ပါယ်ရသော...

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်...

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ်...

MAI က မေ ၁၈...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က လာမည့် မေ ၁၈ ရက်မှ မေ ၂၂ ရက်အထိ လေယာဥ်ခရီးစဥ်အချို့၏ ပျံသန်းပြေးဆွဲချိန်များအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။ ရန်ကုန်-ဒွန်မောင်း-ရန်ကုန်၊ ရန်ကုန်-ဒေလီ-ရန်ကုန်၊ ရန်ကုန်-Gusngzhou-ရန်ကုန်၊...
HomeNewsLocal Newsလှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံ...

လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံ ဖောက်ခွဲဖျက်ဆီးခံရ၍လှိုင်မြို့နယ်အတွင်း ၄ နာရီစီအလှည့်ကျဓာတ်အားပေးမည်

လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံ ဖောက်ခွဲဖျက်ဆီးခံရ၍လှိုင်မြို့နယ်အတွင်း ၄ နာရီစီအလှည့်ကျဓာတ်အားပေးမည်

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံသည် စက်တင်ဘာ ၄ ရက်ည ၈ နာရီခန့်က ဖောက် ခွဲဖျက်ဆီးခံခဲ့ရသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် (30)MVA    ထရန်စဖော်မာ ၃ လုံးနှင့် (20) MVA ထရန်စဖော်မာ ၁ လုံးတို့ထိမှန်၍ Radiator များပျက်စီးကာ ဆီပန်းထွက်မှုများဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် YESC မှ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ် သည်ဟု YESC ကအသိပေးခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်သော်လည်း RIR ခွဲရုံရှိ (66/11-6.6)kV,20MVA ထရန်စဖော်မာပျက်စီးမှုသည် များပြားကာပြုပြင်နေရဆဲဖြစ်သည်ဟု YESC ကအသိ ပေးခဲ့သည်။

ထိုသို့ ပြင်ဆင်နေချိန်နှင့်ပြုပြင်ပြီးချိန်အထိ အုပ် စု ၂ စုခွဲ၍ ၄ နာရီစီအလှည့်ကျစနစ်ဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဝေပေးသွားမည်ဖြစ်ကာ ဓာတ် အားရရှိမည့်ဧရိယာများမှာ လှိုင်မြို့ နယ်ရှိ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၆ ရပ်ကွက်များနှင့်မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်တို့သည် Group A အဖြစ်၊ လှိုင်မြို့နယ်ရှိ ၇ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၆ ရပ်ကွက်များနှင့်မရမ်းကုန်းမြို့နယ်ရှိ ၂ ၊ ၃ ရပ်ကွက်တို့သည် Group B အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန် အနီးစခန်းလေဆိပ်ကိုအဆင့်မြှင့်တင်နေ

ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတပြော တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန်အတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုကို ယနေ့ မေ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတက ကြည့်ရှုစစ်ဆေးခဲ့သည်။ " အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင်ခဲ့တာဟာ ပြည်တွင်းခရီးစဉ်တွေအတွက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြင်ဦးလွင်ဒေသကထွက်ရှိတဲ့ သစ်သီးတွေနဲ့ ပန်းမန်တွေကို တခြားဒေသတွေဆီ လွယ်ကူလျင်မြန်စွာနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုစေဖို့ရည်ရွယ်ဆောင်ရွက်တာပါ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် လက်ရှိလေဆိပ်အသစ်တည်ဆောက်ထားမှုအရ တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့် ဝင်/ထွက်နိုင်ရန်ဆောင်ရွက်ထား၍ လေဆိပ်အတွင်း ခရီးသွားများနားနေရန် ထိုင်ခုံနေရာချထားမှုများကို စနစ်တကျဆောင် ရွက်ရမည်ဖြစ်ကာ လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်းဖြစ်စေရန် စနစ်တကျတွက်ချက်တည်ဆောက်အဆင့်မြှင့်တင်ရမည်ဟု ပြောသည်။ ထို့အတူ လေဆိပ်တွင်...

ပြုံယမ်းအမျိုးသမီးဘောလုံးအသင်း ဆိုးလ်သို့ ရောက်ရှိ

အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကစားရန်အတွက် မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီးဘောလုံးအသင်းသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ကိုရီးယားဘာသာစကားအရ ကျွန်ုပ်တို့ ဇာတိမြို့ ဟု အဓိပ္ပါယ်ရသော နာဂိုယန်း အမျိုးသမီးဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သတင်းထောက်များနှင့် ပရိသတ်များက ကြိုဆိုပါသည်ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဝန်းရံခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားသည်။ အနက်ရောင်ဂျာကင်အင်္ကျီများနှင့် စကတ်များ ဝတ်ဆင်ထားကြသော မြောက်ကိုရီးယား ကစားသမားများနှင့် ဝန်ထမ်း စုစုပေါင်း ၃၉ ဦးသည် လေဆိပ်မှ ထွက်ခွာလာခဲ့ချိန်တွင် တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများစွာက ပရိသတ်များက ကြိုဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ...

မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ် သမား(၈၁၅)ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေး

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား(၈၁၅)ဦးကို မေ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား(၇ဝ၆)ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား(၁၀၉)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးက ကြည့်ရှုအားပေးကာ စက်ရုံမှ အလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များအားတွေ့ဆုံခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့၌ ရွေ့လျားဆေးကုသယာဉ်များဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071