တစ်နေ့ထဲ လူနာအယောက် ၉၀ အထိ ပါရမီဖြည့် အခမဲ့ကုသပေးခဲ့တဲ့ ထူးခန့်ကျော်
0
361
တစ်နေ့ထဲ လူနာအယောက် ၉၀ အထိ ပါရမီဖြည့်အခမဲ့ကုသပေးခဲ့တဲ့ ထူးခန့်ကျော်
သရုပ်ဆောင်ထူးခန့်ကျော် ကိုယ်တိုင် ထုံကျင်ကိုက်ခဲ၊ လေဖြတ်လေငန်း အပြင်များစွာသော ရောဂါများကို ကုသပေးနေတဲ့အခမဲ့ ဆေးခန်း လေးဟာ တစ်နေ့ထဲမှာ လူနာအယောက်၉၀ကို ကုသပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာပီတိဖြစ်မိကြောင်းကို ထူးခန့်ကျော်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။
“ ကျွန်တော် ၇ရက်သားသမီး များရဲ့ ထုံ ၊ကျင် ၊ကိုက်ခဲ၊ လေဖြတ်၊ လေငန်း၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း ၊ဂေါက်ရောဂါနှင့် အခြားသော ရောဂါဝေဒနာများအား ပါရမီဖြည့် ကုသပေးခဲ့ရာတွင် တနေ့ကို လူနာအယောက် ၄၀ သတ်မှတ်ထားရာမှ ဒီကနေ့တော့ လူနာ အယောက် ၉၀အထိ ပါရမီဖြည့်အခမဲ့ကုသ ပေးနိုင်ခဲ့ရလို အထူးပင် ဝမ်းသာပီတိဖြစ်ခဲ့ရလေသည်။ ကျွန်တော်နှင့် တပည့်များ မနက်စာ ထမင်းစားချိန် တောင် မရခဲ့ကြပေ။ ထမင်းစားရဖို့ထက် ၇ရက် သားသမီးများရဲ့ ရောဂါဝေဒနာဟာ ကျွန်တော်တို့ စားမဲ့မနက်စာ အတွက် ပိုအရေးကြီး လှပေသည် ဒီကနေ့တော့ ဝေဒနာရှင်အယောက်၉၀အား ပါရမီဖြည့် ကုသခွင့်ရခဲ့လို့လည်း တနေ့တာ အမောများပြေပျောက် ခဲ့ရသလို အခုလို ၇ရက် သားသမီးများ၏ရောဂါ ဝေဒနာများအား အခမဲ့ပါရမီဖြည့် ကုသခွင့်ပေးခဲ့ပါသော ရတနာသုံးပါး၏ ခြေအစုံသို့ ဦးခိုက် ကန်တော့ရင်း အမျိုးများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေ။” လို့ရေးသားထားပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here