အသက် ၂၄ နှစ်အရွယ် လူငယ်လုပ်ငန်းရှင် Miss Supranational Myanmar Organization ( Miss Burma ) ဥက္ကဋ္ဌ ခွန်းဆက်ဟန် နှင့် တွေ့ဆုံခြင်း

0
2813

(Unicode)

အသက် ၂၄ နှစ်အရွယ် လူငယ်လုပ်ငန်းရှင် Miss Supranational Myanmar Organization ( Miss Burma ) ဥက္ကဋ္ဌ ခွန်းဆက်ဟန် နှင့် တွေ့ဆုံခြင်း

မေး : ကိုခွန်းဆက်ဟန်အနေနဲ့ လူငယ် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရပ်တည်လာတာ ဘယ်လောက်သက်တမ်းရှိပြီလဲ ။

ဖြေ : ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းစပါပြီဆိုကတည်းကစပြီး ယနေ့အချိန်ထိဆိုရင် ၅နှစ်ဝန်းကျင်သက်တမ်းရှိပါပြီ ။ ဒီ၅နှစ်ဝန်းကျင်မှာ ကျွန်တော့ရဲ့ငယ်ရွယ်တဲ့အရွယ်ကောင်းတခုကို ပေးဆပ်ခဲ့ရပြီး Business Brand တခုကို ပေါက်မြောက်အောင် အခက်အခဲများစွာ နှင့်တကွ လူပေါင်းစုံရဲ့ သင်ခန်းစာ ၊ စိတ်ပေါင်းစုံရဲ့ သင်ခန်းစာများနှင့်အတူ ကျကုပ်ကျခဲ ကြိုးစားရုန်းကန်ခဲ့ရပါတယ် ။
နောက်ပြီး ကျွန်တော်စတင်တဲ့ ကိုယ်ပိုင်လုပ်ငန်းကတော့ အလှမောင်/မယ်လုပ်ငန်း ဖြစ်ပါတယ် ။ ယခုဆိုရင် Company အနေနဲ့က MRPP Company Limited နှင့် အလှမောင်/မယ် Pageant Organization အနေနဲ့ကတော့ Miss Burma Organization ဟူ၍ ရပ်တည်နေပါတယ် ။ Miss Burma ကတော့ အလှမောင် / မယ် လုပ်ငန်းစုပေါ့ ။ MRPP ကတော့ ရေနံကုန်သွယ်ရေးလုပ်ငန်း နဲ့ မိဘပိုင်ဖြစ်တဲ့ သစ်မွှေးခြံလုပ်ငန်းကို ပါ လုပ်ဆောင်လျက် ရှိတဲ့ လုပ်ငန်းတရပ်ဖြစ်ပါတယ် ။ Pageant လုပ်ငန်း အနေနဲ့ကတော့ ကနဦးစတင်ခဲ့တာဖြစ်ပြီး ကျန်တဲ့လုပ်ငန်းစုတွေကတော့ ၂၀၂၀ ခုနှစ်မှ စတင်ခဲ့တာဖြစ်ပါတယ် ။

မေး : လက်ရှိကမ္ဘာ့ကပ်ရောဂါကာလ မှာ ကိုခွန်းဆက်ဟန် အနေနဲ့ Pageant Organization ကိုမည်သို့လုပ်ငန်းလည်ပတ်လျက်ရှိသလဲ ။

ဖြေ : ကျွန်တော်တို့ Pageant လုပ်ငန်းတွေအနေနဲ့ ပထမလုပ်ငန်းအကြပ်အတည်းကာလ ကတော့ ကိုဗစ် ၁၉ ကပ်ရောဂါကာလပေါ့ ။ ဒုတိယကတော့ နိုင်ငံရေး အကြပ်အတည်းကာလ လို့ ဆိုရမှာပါ ။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ မြန်မာ Pageant လုပ်ငန်းကတော့ အခြေအနေတရပ်ထိ ရပ်ဆိုင်းထားရတာပါ ။ Miss Burma Organization အနေနဲ့ Miss Supranational Myanmar လိုင်စင်ကို လက်ရှိကိုင်ဆောင်ထားတာ ၂၀၂၁ ခုနှစ်မှာ မြန်မာကိုယ်စားပြုအလှမယ်ကိုရွေးချယ်စေလွှတ် နိုင်ခဲ့ခြင်းမရှိပါဘူး ။ Miss Burma Organization အနေနဲ့ Miss Supranational လိုင်စင်ကို ကိုင်ဆောင်လိုက်တာ ဟာ မကြာမြင့်သေးတဲ့ကာလတစ်ရပ်ဖြစ်နေတာကတကြောင်း ၊ နောက်ပြီး ကျွန်တော်တို့က နည်းမှန်လမ်းမှန် နဲ့ စနစ်တကျ မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတရပ်ဖြစ်လို့ အခက်အခဲများစွာကြုံတွေ့ရပါတယ် ။ ဒါကြောင့် Miss Burma Organization အနေနဲ့ ဒီနှစ်ကို မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်စေလွှတ်နိုင်ခဲ့ခြင်းမရှိပဲ ၊ နောက်နှစ် ၂၀၂၂ ခုနှစ်မှစတင်၍ ရွေးချယ်စေလွှတ်ဖို့ ပိုလန်မှာရှိတဲ့ Miss Supranational Organization နှင့် ဆွေးနွေးညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။ နောက်ပြီး Miss Burma Organization အပြင် International Beauty Pageant တွေကိုလည်း ကျွန်တော်က မြန်မာနိုင်ငံပိုင် ၊ မြန်မာနိုင်ငံသားပိုင်အဖြစ် ပိုင်ဆိုင်ထားပါသေးတယ် ။

မေး : အကိုပိုင်ဆိုင်တဲ့ International Beauty Pageant အနေနဲ့ ကရော ဘာတွေဖြစ်မလဲ ။ ဘယ်လိုအခြေအနေရှိပါသလဲ ။

ဖြေ : ကျွန်တော့ရဲ့ကိုယ်ပိုင် ကမ္ဘာ့ International Beauty Pageant တွေကတော့ Miss Crystal Angel International ကမ္ဘာ့အလှမယ်ပြိုင်ပွဲ နဲ့ Mrs Grand International ကမ္ဘာ့အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ တို့ဖြစ်ပါတယ် ။ ဒီကာလမှာ ပြည်တွင်းပွဲတွေနဲ့ National Director အဖြစ်တာဝန်ယူထားတဲ့ လိုင်စင်တွေက အလုပ်မဖြစ်တာများပါတယ် ။ ဒါပေမဲ့ ကမ္ဘာ့အလှမောင်/မယ်ပြိုင်ပွဲတွေကတော့ အထိုက်အလျောက်အလုပ်ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဆီကနေ နိုင်ငံအသီးသီးက လာရောက်ဝယ်ယူတဲ့ franchise တွေကနေ Company ကို အထိုက်အလျောက် pageant အပိုင်းမှာ လည်ပတ်ပေးနေတာပါ ။ ဆိုလိုချင်တာက ပြည်တွင်းပွဲတွေမှာ အလုပ်မဖြစ်ပေမဲ့လည်း ကမ္ဘာ့ပွဲတွေကိုပိုင်ဆိုင်မှုရှိသူတွေကတော့ ဒီကာလမှာလည်း ထိုက်သင့်အားလျော်စွာ အလုပ်ဖြစ်ပါတယ် ။

မေး : ကိုခွန်းဆက်ဟန် အနေနဲ့ ယခုလုပ်နေဆဲဖြစ်တဲ့ လုပ်ငန်းစဉ်အချို့နဲ့ ရှေ့ဆက်ပြီး လုပ်မဲ့ လုပ်ငန်းစဉ်တချို့ကို ပရိတ်သတ်များသိအောင် ဝေမျှပေးပါဦး ။
ဖြေ : စီးပွားရေး အနေနဲ့ကတော့ ဒီကာလမပြီးဆုံးမချင်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်ငန်း ကိုလုပ်ဆောင်သွားမှာ ဖြစ်တယ် ။ ဒီကာလ မှာ အခက်အခဲတချို့ကြုံတွေ့ရတာကလွဲပြီး ကြီးကြီးမားမားအခက်အခဲ မရှိပါဘူး ။ ကျွန်တော့ လူမှုပတ်ဝန်းကျင် နဲ့ personal life မှာလည်း ပိုပြီး တိုးတတ်သွားတာတွေရှိပါတယ် ။ စစ်မှန်တဲ့ ပရဟိတ နဲ့ ဘာသာရေးကိုင်းရိုင်းမှုကတော့ ဒီကာလမှာ ဆထက်တပိုးပိုလုပ်ဖြစ်နေတာ အမှန်ပါပဲ ။ လူရောစိတ်ပါ ငြိမ်းချမ်းနေတာက မှန်ကန်တဲ့ စိတ်စေတနာအကျိုးပေးကြောင့်လည်း ပါပါလိမ့်မယ် ။ လူဆိုတာ မျှတညီမျှ တဲ့စိတ် ရှိရပါမယ် ။ ဒါကို လူပုဂ္ဂိုလ်တို့မှာ ရှိသင့်ရှိထိုက်သော စစ်မှန်သော စိတ်စေတနာလို့ခေါ်ပါတယ် ။ စေတနာကောင်းလား စေတနာဆိုးလားဆိုတာကလည်း မိမိတို့အသိညဏ်ပညာ က ဝေဖန်ပိုင်းခြားနိုင်စွမ်းရည် ရှိရပါလိမ့်မယ် ။ အတ္တာဟိ အတ္တနော နာထောဆိုသည်မှာ ကိုယ်ရဲ့လုပ်ကိုင်တဲ့အလုပ်ကိုပဲ မိမိကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်လို့မရပါဘူး ။ မိမိအသိညဏ်ပညာ နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရည်ကိုလည်း သူများစိတ်၊ အပြော နဲ့ မရှင်သန်ပဲ မိမိအသိညဏ်က အတ္တာဟိ အတ္တနော နာထော ဖြစ်ရန်လိုအပ်ပါသေးတယ် ။ ဒါမှလည်း မိမိဘဝ မိမိစိတ် စစ်မှန်သော ဆုံးဖြတ်ချက် ၊ ခံယူချက် နဲ့ ငြိမ်းချမ်းခြင်းရရှိပါလိမ့်မယ် ။ နောက်ပြီး ဒီကာလတွေမှာ ကျွန်တော့ရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ပတ်သတ်ပြီး ပုတ်ခက်ဝေဖန်သူတချို့ရှိပေမဲ့လည်း ကျွန်တော့ အနေနဲ့ကရော ၊ ကျွန်တော့ လုပ်ငန်းစု အနေနဲ့ကပါ မည်သူ့ မည်သည့်အကြောင်းတခုကိုမှ ပြန်လည်တုန့်ပြန်ခဲ့ခြင်းမျိုးမရှိပါဘူး ။ တုံ့ပြန်စရာ ကျွန်တော်အတွက်လည်း မလိုအပ်ဘူးလေ ။ ကျွန်တော်က ခပ်အေးအေး နဲ့ ပေါ့ပေါ့ပါးပါးနေတတ်အောင် ငယ်ရွယ်တဲ့ နှစ်ပေါင်းများစွာ နောက်ဆုံး ၂၀၂၀ ခုနှစ်ထိ ကျင့်ကြံအားထုတ်ခဲ့ပြီးပါပြီ ။ နေသာသပ လေညာကပါပဲ ခင်ဗျာ ။ အားလုံးကိုလည်း ကျွန်တော့လို ဖြစ်စေချင်ပါတယ် ။

(Zawgyi)

အသက္ ၂၄ ႏွစ္အ႐ြယ္ လူငယ္လုပ္ငန္းရွင္ Miss Supranational Myanmar Organization ( Miss Burma ) ဥကၠဌ ခြန္းဆက္ဟန္ ႏွင့္ ေတြ႕ဆုံျခင္း

ေမး : ကိုခြန္းဆက္ဟန္အေနနဲ႔ လူငယ္ လုပ္ငန္းရွင္တစ္ဦးအေနျဖင့္ ရပ္တည္လာတာ ဘယ္ေလာက္သက္တမ္းရွိၿပီလဲ ။

ေျဖ : ကြၽန္ေတာ္ ကိုယ္ပိုင္လုပ္ငန္းစပါၿပီဆိုကတည္းကစၿပီး ယေန႔အခ်ိန္ထိဆိုရင္ ၅ႏွစ္ဝန္းက်င္သက္တမ္းရွိပါၿပီ ။ ဒီ၅ႏွစ္ဝန္းက်င္မွာ ကြၽန္ေတာ့ရဲ႕ငယ္႐ြယ္တဲ့အ႐ြယ္ေကာင္းတခုကို ေပးဆပ္ခဲ့ရၿပီး Business Brand တခုကို ေပါက္ေျမာက္ေအာင္ အခက္အခဲမ်ားစြာ ႏွင့္တကြ လူေပါင္းစုံရဲ႕ သင္ခန္းစာ ၊ စိတ္ေပါင္းစုံရဲ႕ သင္ခန္းစာမ်ားႏွင့္အတူ က်ကုပ္က်ခဲ ႀကိဳးစား႐ုန္းကန္ခဲ့ရပါတယ္ ။
ေနာက္ၿပီး ကြၽန္ေတာ္စတင္တဲ့ ကိုယ္ပိုင္လုပ္ငန္းကေတာ့ အလွေမာင္/မယ္လုပ္ငန္း ျဖစ္ပါတယ္ ။ ယခုဆိုရင္ Company အေနနဲ႔က MRPP Company Limited ႏွင့္ အလွေမာင္/မယ္ Pageant Organization အေနနဲ႔ကေတာ့ Miss Burma Organization ဟူ၍ ရပ္တည္ေနပါတယ္ ။ Miss Burma ကေတာ့ အလွေမာင္ / မယ္ လုပ္ငန္းစုေပါ့ ။ MRPP ကေတာ့ ေရနံကုန္သြယ္ေရးလုပ္ငန္း နဲ႔ မိဘပိုင္ျဖစ္တဲ့ သစ္ေမႊးၿခံလုပ္ငန္းကို ပါ လုပ္ေဆာင္လ်က္ ရွိတဲ့ လုပ္ငန္းတရပ္ျဖစ္ပါတယ္ ။ Pageant လုပ္ငန္း အေနနဲ႔ကေတာ့ ကနဦးစတင္ခဲ့တာျဖစ္ၿပီး က်န္တဲ့လုပ္ငန္းစုေတြကေတာ့ ၂၀၂၀ ခုႏွစ္မွ စတင္ခဲ့တာျဖစ္ပါတယ္ ။

ေမး : လက္ရွိကမာၻ႔ကပ္ေရာဂါကာလ မွာ ကိုခြန္းဆက္ဟန္ အေနနဲ႔ Pageant Organization ကိုမည္သို႔လုပ္ငန္းလည္ပတ္လ်က္ရွိသလဲ ။

ေျဖ : ကြၽန္ေတာ္တို႔ Pageant လုပ္ငန္းေတြအေနနဲ႔ ပထမလုပ္ငန္းအၾကပ္အတည္းကာလ ကေတာ့ ကိုဗစ္ ၁၉ ကပ္ေရာဂါကာလေပါ့ ။ ဒုတိယကေတာ့ ႏိုင္ငံေရး အၾကပ္အတည္းကာလ လို႔ ဆိုရမွာပါ ။ ဒီကာလမွာ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာ Pageant လုပ္ငန္းကေတာ့ အေျခအေနတရပ္ထိ ရပ္ဆိုင္းထားရတာပါ ။ Miss Burma Organization အေနနဲ႔ Miss Supranational Myanmar လိုင္စင္ကို လက္ရွိကိုင္ေဆာင္ထားတာ ၂၀၂၁ ခုႏွစ္မွာ ျမန္မာကိုယ္စားျပဳအလွမယ္ကိုေ႐ြးခ်ယ္ေစလႊတ္ ႏိုင္ခဲ့ျခင္းမရွိပါဘူး ။ Miss Burma Organization အေနနဲ႔ Miss Supranational လိုင္စင္ကို ကိုင္ေဆာင္လိုက္တာ ဟာ မၾကာျမင့္ေသးတဲ့ကာလတစ္ရပ္ျဖစ္ေနတာကတေၾကာင္း ၊ ေနာက္ၿပီး ကြၽန္ေတာ္တို႔က နည္းမွန္လမ္းမွန္ နဲ႔ စနစ္တက် မွန္မွန္ကန္ကန္ လုပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းတရပ္ျဖစ္လို႔ အခက္အခဲမ်ားစြာႀကဳံေတြ႕ရပါတယ္ ။ ဒါေၾကာင့္ Miss Burma Organization အေနနဲ႔ ဒီႏွစ္ကို ျမန္မာကိုယ္စားျပဳအလွမယ္ ေ႐ြးခ်ယ္ေစလႊတ္ႏိုင္ခဲ့ျခင္းမရွိပဲ ၊ ေနာက္ႏွစ္ ၂၀၂၂ ခုႏွစ္မွစတင္၍ ေ႐ြးခ်ယ္ေစလႊတ္ဖို႔ ပိုလန္မွာရွိတဲ့ Miss Supranational Organization ႏွင့္ ေဆြးေႏြးညႇိႏႈိင္းၿပီး ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္ ။ ေနာက္ၿပီး Miss Burma Organization အျပင္ International Beauty Pageant ေတြကိုလည္း ကြၽန္ေတာ္က ျမန္မာႏိုင္ငံပိုင္ ၊ ျမန္မာႏိုင္ငံသားပိုင္အျဖစ္ ပိုင္ဆိုင္ထားပါေသးတယ္ ။

ေမး : အကိုပိုင္ဆိုင္တဲ့ International Beauty Pageant အေနနဲ႔ ကေရာ ဘာေတြျဖစ္မလဲ ။ ဘယ္လိုအေျခအေနရွိပါသလဲ ။

ေျဖ : ကြၽန္ေတာ့ရဲ႕ကိုယ္ပိုင္ ကမာၻ႔ International Beauty Pageant ေတြကေတာ့ Miss Crystal Angel International ကမာၻ႔အလွမယ္ၿပိဳင္ပြဲ နဲ႔ Mrs Grand International ကမာၻ႔အိမ္ေထာင္ရွင္အလွမယ္ၿပိဳင္ပြဲ တို႔ျဖစ္ပါတယ္ ။ ဒီကာလမွာ ျပည္တြင္းပြဲေတြနဲ႔ National Director အျဖစ္တာဝန္ယူထားတဲ့ လိုင္စင္ေတြက အလုပ္မျဖစ္တာမ်ားပါတယ္ ။ ဒါေပမဲ့ ကမာၻ႔အလွေမာင္/မယ္ၿပိဳင္ပြဲေတြကေတာ့ အထိုက္အေလ်ာက္အလုပ္ျဖစ္ပါတယ္ ။ ကြၽန္ေတာ္တို႔ ဆီကေန ႏိုင္ငံအသီးသီးက လာေရာက္ဝယ္ယူတဲ့ franchise ေတြကေန Company ကို အထိုက္အေလ်ာက္ pageant အပိုင္းမွာ လည္ပတ္ေပးေနတာပါ ။ ဆိုလိုခ်င္တာက ျပည္တြင္းပြဲေတြမွာ အလုပ္မျဖစ္ေပမဲ့လည္း ကမာၻ႔ပြဲေတြကိုပိုင္ဆိုင္မႈရွိသူေတြကေတာ့ ဒီကာလမွာလည္း ထိုက္သင့္အားေလ်ာ္စြာ အလုပ္ျဖစ္ပါတယ္ ။

ေမး : ကိုခြန္းဆက္ဟန္ အေနနဲ႔ ယခုလုပ္ေနဆဲျဖစ္တဲ့ လုပ္ငန္းစဥ္အခ်ိဳ႕နဲ႔ ေရွ႕ဆက္ၿပီး လုပ္မဲ့ လုပ္ငန္းစဥ္တခ်ိဳ႕ကို ပရိတ္သတ္မ်ားသိေအာင္ ေဝမွ်ေပးပါဦး ။
ေျဖ : စီးပြားေရး အေနနဲ႔ကေတာ့ ဒီကာလမၿပီးဆုံးမခ်င္း ပုံမွန္လုပ္႐ိုးလုပ္စဥ္အတိုင္းပဲ လုပ္ငန္း ကိုလုပ္ေဆာင္သြားမွာ ျဖစ္တယ္ ။ ဒီကာလ မွာ အခက္အခဲတခ်ိဳ႕ႀကဳံေတြ႕ရတာကလြဲၿပီး ႀကီးႀကီးမားမားအခက္အခဲ မရွိပါဘူး ။ ကြၽန္ေတာ့ လူမႈပတ္ဝန္းက်င္ နဲ႔ personal life မွာလည္း ပိုၿပီး တိုးတတ္သြားတာေတြရွိပါတယ္ ။ စစ္မွန္တဲ့ ပရဟိတ နဲ႔ ဘာသာေရးကိုင္း႐ိုင္းမႈကေတာ့ ဒီကာလမွာ ဆထက္တပိုးပိုလုပ္ျဖစ္ေနတာ အမွန္ပါပဲ ။ လူေရာစိတ္ပါ ၿငိမ္းခ်မ္းေနတာက မွန္ကန္တဲ့ စိတ္ေစတနာအက်ိဳးေပးေၾကာင့္လည္း ပါပါလိမ့္မယ္ ။ လူဆိုတာ မွ်တညီမွ် တဲ့စိတ္ ရွိရပါမယ္ ။ ဒါကို လူပုဂၢိဳလ္တို႔မွာ ရွိသင့္ရွိထိုက္ေသာ စစ္မွန္ေသာ စိတ္ေစတနာလို႔ေခၚပါတယ္ ။ ေစတနာေကာင္းလား ေစတနာဆိုးလားဆိုတာကလည္း မိမိတို႔အသိညဏ္ပညာ က ေဝဖန္ပိုင္းျခားႏိုင္စြမ္းရည္ ရွိရပါလိမ့္မယ္ ။ အတၱာဟိ အတၱေနာ နာေထာဆိုသည္မွာ ကိုယ္ရဲ႕လုပ္ကိုင္တဲ့အလုပ္ကိုပဲ မိမိကိုယ္ကိုသာ ကိုးကြယ္ရာ ျဖစ္လို႔မရပါဘူး ။ မိမိအသိညဏ္ပညာ နဲ႔ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရည္ကိုလည္း သူမ်ားစိတ္၊ အေျပာ နဲ႔ မရွင္သန္ပဲ မိမိအသိညဏ္က အတၱာဟိ အတၱေနာ နာေထာ ျဖစ္ရန္လိုအပ္ပါေသးတယ္ ။ ဒါမွလည္း မိမိဘဝ မိမိစိတ္ စစ္မွန္ေသာ ဆုံးျဖတ္ခ်က္ ၊ ခံယူခ်က္ နဲ႔ ၿငိမ္းခ်မ္းျခင္းရရွိပါလိမ့္မယ္ ။ ေနာက္ၿပီး ဒီကာလေတြမွာ ကြၽန္ေတာ့ရဲ႕လြတ္လပ္ပိုင္ခြင့္နဲ႔ပတ္သတ္ၿပီး ပုတ္ခက္ေဝဖန္သူတခ်ိဳ႕ရွိေပမဲ့လည္း ကြၽန္ေတာ့ အေနနဲ႔ကေရာ ၊ ကြၽန္ေတာ့ လုပ္ငန္းစု အေနနဲ႔ကပါ မည္သူ႔ မည္သည့္အေၾကာင္းတခုကိုမွ ျပန္လည္တုန႔္ျပန္ခဲ့ျခင္းမ်ိဳးမရွိပါဘူး ။ တုံ႔ျပန္စရာ ကြၽန္ေတာ္အတြက္လည္း မလိုအပ္ဘူးေလ ။ ကြၽန္ေတာ္က ခပ္ေအးေအး နဲ႔ ေပါ့ေပါ့ပါးပါးေနတတ္ေအာင္ ငယ္႐ြယ္တဲ့ ႏွစ္ေပါင္းမ်ားစြာ ေနာက္ဆုံး ၂၀၂၀ ခုႏွစ္ထိ က်င့္ႀကံအားထုတ္ခဲ့ၿပီးပါၿပီ ။ ေနသာသပ ေလညာကပါပဲ ခင္ဗ်ာ ။ အားလုံးကိုလည္း ကြၽန္ေတာ့လို ျဖစ္ေစခ်င္ပါတယ္ ။


LEAVE A REPLY

Please enter your comment!
Please enter your name here