မင်းတုန်းမင်းတရားကြီး၏နတ်ပြည်စံသက် (၁၄၃)နှစ်ပြည့် မတကဘတ်ဆွမ်းကပ်ခြင်း အခမ်းအနားကျင်းပမည်

0
223

မင်းတုန်းမင်းတရားကြီး၏နတ်ပြည်စံသက် (၁၄၃)နှစ်ပြည့် မတကဘတ်ဆွမ်းကပ်ခြင်း အခမ်းအနားကျင်းပမည်

မြန်မာသက္ကရာဇ် ၁၂၄၀ပြည့်နှစ်၊သီတင်းကျွတ် လဆန်း ၆ရက်နေ့မှာနတ်ပြည်စံခဲ့တဲ့ မင်းတုန်းမင်းတရားကြီးရဲ့ နတ်ပြည်စံသက် (၁၄၃)နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှုဒါန်းခြင်းအခမ်းအနားကို လာမယ့်အောက်တိုဘာလ ၁၁ရက်နေ့ (၁၃၈၃ခု၊သီတင်းကျွတ်လဆန်း ၆ရက်) နေ့တွင် ကျင်းပမယ့်အကြောင်း ကုန်းဘောင်မင်းဆက် မောင်နှမများနဲ့ေ ဆွတော်မျိုးတော် များက အသိပေးကြေငြာထားပါတယ်။

ထိုသို့ကျင်းပရာမှာလည်း ကိုဗစ်ရောဂါကျရောက်နေသည့်ကာလဖြစ်တာကြောင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျင်းပသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သီပေါမင်းတရားကြီးလက်ထက်ကစပြီး မင်းတုန်းမင်းတရားကြီး နတ်ပြည်စံတဲ့ နေ့ရက်မှာ သေသူအားရည်မှန်းပြီး ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဖြစ်သော မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

သီပေါမင်တရားကြီးလက်ထက်က နန်းတော်တွင်းမှာ ကျင်းပခဲ့သော်လည်း သူ့ကျွန်ဘဝရောက်ခဲ့ချိန်ကစပြီး နန်းတော်တွင်းမှာ ကျင်းပခွင့်မရဘဲ မင်းတုန်းမင်းတရားကြီးရဲ့ ပြဿဒ်တော် ဘေးမှာ ကျင်းပခဲ့ရတာလည်း ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွါးတဲ့ အချိန်မှာတော့ ပျဉ်း မနားမင်းသားကြီးနဲ့ထရံကာထိပ်ခေါင်တင်ဇနီးမောင်နှံတို့က စစ်ပြေးရာအရပ်မှာ မဖြစ်မနေဆွမ်းဆက်ကပ်ခဲ့ပါတယ်။

စစ်ကြီးပြီးတဲ့နောက် ၁၃၀၈ ခုနှစ်ကစတင်ပြီး မင်းသားကြီး၊မင်းသမီးကြီးတို့ရဲ့ သားတော် ပျဉ်းမနားကိုယ်တော်မြတ်ဘုရားလေးနဲ့အတူ မဟာဒါန်ဝန်ဟောင်း မိုးပြဲခင်မောင်ကြီး၊ဆွေတော်မျိုးတော်များနဲ့ မှူးသား၊မတ်သားများစုပေါင်းပြီး မန္တလေးရွှေနန်းတော်ကျောင်း(ရွှေကျောင်းကြီး)မှာ နှစ်စဉ်မပြတ် မတကဘတ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။

ဒါပေမယ့် ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာထိပ်ခေါင်တင် မင်းသမီးကြီးတို့ ကံတော်ကုန်ပြီးနောက်မှာတော့ မတကဘတ်ဆွမ်းဆက်ကပ်ခြင်း မပြုနိုင်ခဲ့တာဟာ ၅၁နှစ်ကြာခဲ့ပါတယ်။

၂၀၁၅ခုနှစ်ရဲ့ သီတင်းကျွတ်လဆန်း ၆ရက်ကစပြီး မတကဘတ်ဆွမ်းဆက်ကပ်ခြင်းကို ကုန်းဘောင်မင်းဆက်မောင်နှမများမှ စီစဉ်ကာ ဆွေတော်မျိုးတော်များ၊မိတ်သင်္ဂဟများစုပေါင်းပြီးဆက်ကပ်ခဲ့သည်မှာ ယခု ၂၀၂၁ နှစ်နဲ့ဆိုရင် ၇နှစ်တိုင်ခဲ့ပါပြီ။


LEAVE A REPLY

Please enter your comment!
Please enter your name here