Saturday, April 25, 2026

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း တရုတ်...

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ယနေ့ ဧပြီ (၂၅)...

ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် မကြာခင်အကောင်အထည်ဖော်မည်ဖြစ်၍ ထားဝယ်သူ/ထားဝယ်သားများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်

ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် မကြာခင်အကောင်အထည်ဖော်မည်ဖြစ်၍ ထားဝယ်သူ/ထားဝယ်သားများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ဧပြီ ၂၄ ရက်တွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်ကို မကြာခင်အကောင်အထည်ဖော်မည်ဖြစ်ရာ ထားဝယ်သူ/ထားဝယ်သားများအနေဖြင့် အထူးစီးပွားရေးဇုန်တွင်စက်ရုံ၊ အလုပ်ရုံများပေါ်ထွန်းလာမည်ဖြစ်၍...
HomeArticlesသူများပူဆို တော်သလင်းရှိသေး

သူများပူဆို တော်သလင်းရှိသေး

ချစ်သောသမီးတို့ရေ

ရာသီဥတုက တဖြည်းဖြည်း ပူလာပြီနော်။ အနေအထိုင် အသွား အလာသတိထားပါနော်။ အင်္ကျီလက် တိုသိပ်မ၀တ်တော့နဲ့။ အပြင်သွားရင် လက်ရှည်ပါးပါး အမြဲဝတ်သွားနော်။မိန်းကလေးဆိုတော့ အရာရာကို သတိထားနေထိုင်မှ အဆင်ပြေမယ် မဟုတ်လား။
မိဘဆိုတော့လေ ကိုယ်က ဘယ်လောက်ပဲပူပါစေ သားသမီး တွေကိုတော့ အေးချမ်းစေချင်တာက သဘာဝမဟုတ်လားကွယ်။ဘယ်မိဘ ပဲဖြစ်ဖြစ် အပူလောင်စရာရှိရင် ကိုယ်ပဲ အပူခံချင်တာ။ သားသမီးတွေ အေးအေးချမ်းချမ်း ပညာသင်နေတာ ဘ၀ကို အဆင်ပြေပြေဖြတ်သန်းစေ ချင်ကြတာပဲလေ။ အပြင်ပန်းမှာ ကောင်းစေချင်လို့ဆူနေခဲ့ရင်တောင်မှ ငါ့သမီးလေးက ငါ့ကိုစိတ်ခုသွား မလား စိတ်ဆင်းရဲသွားမလားလို့ စိုး ရိမ်တတ်ကြတာလေ။

သာမန်လူတွေကျတော့ အဲဒီလို မဟုတ်ဘူးလေ။ သူများဒုက္ခက သေး သေးလေး ကိုယ့်ဒုက္ခက ကြီးတယ် ထင်တတ်တာပေါ့ သမီးတို့ရေ။သူ တစ်ပါး စိတ်နဲ့ကိုယ် ပူလောင်နေတာ မြင်ရင်တောင်မှ သူပူတာက နည်း နည်း ငါ့အပူက ကြီးတယ် မြင်တတ် တယ်။ သူတစ်ပါးချမ်းသာတာ မြင် တော့လေ မနာလိုဝန်တိုဖြစ်တတ် သေးတာ။ထားပါတော့ …

ရာသီဥတုပူပြင်းလာတာကို ခံ စားရပြီးတော့လေ ဖေ့သမီးတို့ကို ပြောချင်တဲ့ စကားပုံဆိုရိုးစကား လေးတစ်ခုကို သတိရမိတယ် ‘သူများ ပူဆို တော်သလင်းရှိသေး’ စကားပုံ လေးပေါ့ကွယ်။ တစ်စုံတစ်ယောက်က အကြောင်းအမျိုးမျိုးကြောင့် ပူနေရ တယ်လို့ပြောခဲ့ရင် မင်းပူတာက တော်သလင်းနေပါကွာ ငါပူရတာက မှ တပေါင်းလပူသလိုကို ပူနေရတာ လို့ ပြန်ပြောတတ်တဲ့အကြောင်းကို ရှေးလူကြီးတွေက ဆိုရိုးစကားလေး တစ်ခု ထားခဲ့တယ်ပေါ့ သမီးတို့ရေ …။

ဖေ့သမီးတို့ရေ သူတစ်ပါး ပြော တဲ့စကားကို သေချာနားထောင်ပေးပါ နော်။ လူအများစုက သူများက အကူ အညီလာတောင်းခဲ့ရင် ငါ့မှာမင်း ထက်ပိုပြီး စိတ်ညစ်စရာတွေရှိတယ်။ပိုပြီးပူလောင်နေတယ်လို့ပဲ ပြော တတ်ကြတယ်လေ။ ဖေ့သမီးတွေက ကိုယ့်မှာ စိတ်ညစ်စိတ်သောကရောက် စရာ ဘယ်လောက်ပဲရှိနေပါစေ တခြားသူတွေရဲ့ အခက်အခဲတွေကို နားထောင်ပြီး တတ်နိုင်တာဆို ကူညီ လိုက်ပါ။ သူတို့စိတ်သောကတွေ လျော့ပါးသွားတယ်ဆိုရင် ဘယ် လောက်ပျော်လိုက်မလဲလို့ တွေး ကြည့်ရင် ကိုယ့်စိတ်တွေလည်း လန်း ဆန်းသွားနိုင်လို့ပါ။

ကိုယ်မကူညီနိုင်တာဆိုရင် လည်း စိတ်ထဲမှာသိမ်းမထားနဲ့နော် မေ့ပစ်လိုက်ပါ။ စိတ်ကို ပူလောင်စေ တတ်လို့ပါ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူ့ စကားကို အရင်နားထောင်ခြင်းက သူ့စိတ်ကို သမီးတို့ သိမ်းပိုက်လိုက် တာ ဖြစ်ပြီးတော့ ကိုယ့်ကိစ္စကိုပြော တဲ့အခါ အလွယ်တကူ ပြီးမြောက်စေ ပါတယ်။

လူတစ်ယောက်က အခက်အခဲ ဖြစ်လို့ သမီးတို့ကို ရင်ဖွင့်တာဖြစ်ဖြစ် အကူအညီတောင်းတာဖြစ်ဖြစ် ပြော လာခဲ့လို့ သမီးတို့က ခါးခါးသီးသီး ငြင်းလိုက်မယ်ဆိုရင် ရန်သူတစ် ယောက်တိုးလာတတ်တယ်။ ကိုယ် တတ်နိုင်တာဆို နားထောင်ပေး ကူ ညီပေးလိုက်ပါ။ မတတ်နိုင်တာဆိုရင် ယဉ်ယဉ်ကျေးကျေး ပြန်ပြောဆိုပေး လိုက်ပါနော်။ မိတ်ဆွေဆယ်ယောက် မတိုးချင်နေပါစေ။ ရန်သူတစ် ယောက် မတိုးစေနဲ့နော်။လောကကြီး ထဲနေထိုင်လှုပ်ရှားနေရတာဆိုတော့ အဲဒါလေးတွေကို သတိထားဆက် ဆံကြပါကွယ်။
အများနဲ့ဆက်ဆံရတဲ့အခါမှ မင်းအပူထက် ငါ့အပူက ပိုပူတယ်လို့ မပြောပဲ ဒီလိုလေးတွေ လုပ်ကြည့်ရ အောင် သမီးတို့ရေ …
သူတို့မှာ ပိုက်ဆံကြောင့် ပူနေ ရတယ်ဆိုရင် ကိုယ့်မှာ ရှိတာလေး ခွဲ ဝေသုံးမယ်။ စားစရာမရှိဘူးဆိုရင် ခွဲဝေစားလိုက်မယ်။ အဲဒီလိုပေးကမ်း နိုင်ခြင်းက အောင်မြင်ခြင်းပဲ မဟုတ် လား။

စိတ်ပူလောင်နေသူပဲဖြစ်ဖြစ် ရန်လုပ်လာသူပဲ ဖြစ်ဖြစ် ချစ်ခင်ဖွယ် ရာစကားမျိုးနဲ့ ဆက်ဆံလိုက်ပါ။ တစ်ဖက်သားကို ယဉ်ကျေးတဲ့စကား နဲ့ဆက်ဆံမယ် ကြင်နာတဲ့စကားနဲ့ ကြင်ကြင်နာနာ လေးလေးစားစား ပြောကြမယ်ပေါ့နော်။ အဲဒီလို ပြော လိုက်ခြင်းက တစ်ဖက်သားကို ကူညီ ရာလည်း ရောက်တယ်လေ။ ချိုသာ တဲ့ စကားက လူတိုင်းကြိုက်တယ် မဟုတ်လား သမီးတို့ရေ။

ကိုယ်နဲ့နီးစပ်ရာသူတွေကို ကိစ္စ ကြီးငယ်ရှိခဲ့ရင် အကူအညီ မတောင်း လည်း ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးရ မယ်နော်။ သူက မနိုင်မနင်းလုပ်နေ ရတယ်ဆိုရင် အကူအညီတောင်း တောင်း မတောင်းတောင်း လုပ်ပေး ရမယ်နော် ဖေ့သမီးတို့။ အဲဒါက လည်း လူမှုအသိုင်းအ၀ိုင်းထဲမှာ အင်မတန်ကောင်းတဲ့ လုပ်ဆောင်မှု ဖြစ်တယ်ပေါ့ သမီးတို့ရေ …။

နောက်ဆုံးတစ်ခုကတော့ ခွဲ ခြားဆက်ဆံမှုမပြုပဲ ကိုယ့်ထက် အသက်ငယ်သူ ဂုဏ်ငယ်သူဆိုရင် တောင် တန်းတူဆက်ဆံပေးရမယ် ပေါ့။ တချို့က ကိုယ့်လိုပညာမတတ် သူ ကိုယ်လိုဥစ္စာတန်းတူမဟုတ်ဘူးဆိုရင် ပေးစရာရှိရင်ပေးတယ် လေး လေးစားစားတော့ ဆက်ဆံမှုမလုပ် ချင်ဘူးလေ။ သူတို့ကို ကူညီဖို့မပြောနဲ့ အခက်အခဲဖြစ်သံကြားရင် အဆင့် မတူလို့ ကူညီရမှာ ရှက်တယ်ဆိုပြီး ရှောင်နေတတ်တာမျိုး ရှိတတ်တယ် လေ။

ဖေ့သမီးတွေကတော့ အကူ အညီလိုရင် ဘယ်သူဖြစ်ဖြစ်ပေးရမယ် သူတို့ကို ယဉ်ကျေးစွာပြောရမယ် လေးလေးစားစားဆက်ဆံရမယ် သမီးတို့နဲ့ တန်းတူလို သဘောထား ဆက်ဆံပေးရမယ်နော်။ကိုယ့်ထက် နိမ့်ပါးသူဆိုတာက တန်းတူဆက်ဆံ ပေးလိုက်ရင် သူတို့ စိတ်ခွန်အားတွေ ပိုတိုးတက်သွားနိုင်တယ်လေ။ ဟော ဖေ့သမီးတို့က အဲဒီလို အချက်လေး ချက်နဲ့ ဆက်ဆံမှုပြုလိုက်ခြင်းဟာ သူ တို့ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ကို အထောက်အကူဖြစ်သွားမယ် ပေါ့လေ။

တစ်ဖက်သားကိုပျော်အောင် လုပ်ပေးခြင်းဟာ ကိုယ့်ရဲ့အပူတွေ ကိုလည်း လျော့ပါးစေတယ်လေ။ မင်းပူတာက နည်းနည်း ငါပူတာက ပိုများတယ်လို့ ပြောဆိုပြီး ဒေါသ တရားတွေပါလာခဲ့ရင် အပူပေါ် အပူဆင့် ထပ်ပူတတ်တာမို့ ဖေကြီး က အကြောင်းလေးမျိုးနဲ့ ဆက်ဆံ လိုက်ဖို့ပြောရတာပေါ့ကွယ်။ ဘယ် သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့အပြုံးမျက်နှာ ကြောင့် သူတို့ကို စိတ်အေးချမ်းဖြစ်စေ တယ်လေ။
ဒါကြောင့်ယဉ်ယဉ်ကျေး ကျေးလေးလေးစားစား ပြုံးပြုံးရွှင်ရွှင် တန်းတူလေးသာ ဆက်ဆံမယ်ဆိုရင် တစ်ဖက်သားလည်း စိတ်ချမ်းသာမယ် သမီးတို့ရဲ့ လုပ်ဆောင်ဖွယ်ရာတွေ ကိုလည်း အခက်အခဲမရှိ အောင်မြင် စွာလုပ်ဆောင်နိုင်မယ်လို့ ဖေကြီး ယုံ ကြည်ပါတယ် သမီးတို့ရေ …။

နွေပူပူမှာ စိတ်ပူပူတွေ မရှိ အောင်နေ ထိုင်ခြင်းဟာ ကိုယ်အပူ ကော စိတ်အပူကော ငြိမ်းစေတာမို့ အဓိက စိတ်ကို အပူမပေးမိစေနဲ့ သမီးတို့ရေ။

သမီးတို့ရဲ့လုပ်ဆောင်ဖွယ်ရာ ကိစ္စအ၀၀ကို စိတ်အေးလက်အေးနဲ့လုပ်ဆောင်မယ်ဆိုရင် အခက်အခဲ ဆိုတာ ချိုနဲ့လားလို့ မေးယူရမယ် ပေါ့။ ဘယ်လိုပဲ ကိုယ်က အပူတွေ များပါစေ တစ်ဖက်သားကို ဦးစား ပေးလုပ်ဆောင်ပေးရင်းနဲ့ သမီးတို့ ဘ၀တွေကို အေးချမ်းအောင် တည် ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလျက် …

သမီးတို့ရဲ့ချစ်တဲ့ ဖေကြီး

ထွဋ်အောင်ဝေ (B.A-Eco)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071