‘သမီးရှင်’ဗျူဟာရဲ့ သားနဲ့သမီးအပေါ် ထားတဲ့ မျှော်လင့်ချက်

0
340

‘သမီးရှင်’ သီချင်းနဲ့ နာမည်ကြီး ခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော် ဗျူဟာ တစ်ယောက် အခုတော့ သမီးရှင်သာ မက သားရှင်တစ်ယောက်ပါဖြစ်လို့ နေပါပြီ။ သူအနည်းငယ်ပျောက်နေ တာက အိမ်ထောင်ကျပြီးတဲ့နောက် သားနဲ့ သမီးကို ပြုစုပျိုးထောင်နေရ တာနဲ့ သီချင်းဘက်မှာ နည်းနည်း နှောင့်နှေးခဲ့တာပါလို့ ဗျူဟာက ဆိုပါ တယ်။

”ကျွန်တော်က အများကြီး ဆက်သွားဦးမှာပါ။ လူပျိုလူလွတ်တစ် ယောက်အနေနဲ့ ကြိုးစားရုန်းကန်ရ တာက တစ်မျိုးလေ။ အရင်တုန်းက ကျတော့ အရမ်းကို မြငါ့အ ဖြစ်တာ ပေါ့နော်။ အိမ်ထောင်ကျသွားတယ်။ ကလေးလည်းရလာပြီဆိုတော့ ကြား ထဲမှာ နည်းနည်းအရှိန်ပျက်သွားတာပေါ့နော်။ အခုမှ ကျောင်းတွေဘာ တွေထားတဲ့ အရွယ်ရောက်လာမှ အ လုပ်လုပ်ရတာ နည်းနည်းအဆင်ပြေ လာတာ”လို့ ဗျူဟာကပြောပါတယ်။ တေးရေးဆရာ၊ ကဗျာဆရာ နိုင်မြန် မာရဲ့ မျိုးဆက်ဖြစ်တဲ့ သားနဲ့ သမီးအ ကြောင်းကိုလည်း ဗျူဟာက…

”ကျွန်တော်က သမီးတစ် ယောက်၊ သားတစ်ယောက်ပေါ့။ သမီးကတော့ ‘သမီးရှင်’ ပေါက်နေတဲ့ အချိန်မှာ ကျွန်တော့်သမီးလေးရတာ ပေါ့။ သားကတော့ အခု ၃ နှစ်ကျော် သွားပြီပေါ့။ သမီးနာမည်ကို ဓာတု မြန်မာလို့ နာမည်ပေးထားပါတယ်။ သူ့ဘိုးအေပေးတာပဲပေါ့။ သားနာ မည်ကတော့ ဂုဏ်ရောင်မြန်မာပါ။ ကျွန်တော့်နာမည်အရင်းကလည်း မင်းအုပ်မြန်မာဆိုတော့ အဲဒီလိုပေး ဖြစ်တာပါ။ အဖေကလည်း ကျွန် တော်တို့ ညီအစ်ကို ၃ ယောက်နဲ့ပဲ အတူတူနေတာပေါ့။ အခုလည်း တစ် အိမ်တည်းပဲ။ အဖေလည်း သူ့မြေး တွေနဲ့ပဲဆိုတော့ သိုက်သိုက်ဝန်းဝန်း ရှိတာပေါ့”လို့ ဆိုပါတယ်။ သားနဲ့ သမီးအပေါ်ထားတဲ့ ဗျူဟာရဲ့ မျှော် လင့်ချက်က …

”သူတို့ဖြစ်စေချင်တာကိုပဲ ကျွန် တော်အားပေးမှာပါ။ အကယ်၍ ဘောလုံးသမားလုပ်မယ်ဆိုရင်လည်း အရမ်းတော်တဲ့ နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးသမားဖြစ်စေချင်တယ်။ လက်ဝှေ့ထိုးမယ်ဆိုရင်လည်း အောင် လအန်ဆန်းလိုမျိုး ဖိုက်တာကြီးဖြစ် စေချင်ပါတယ်။ ဘာလုပ်လုပ်ကောင်း တာလုပ်ပြီး ထူးချွန်ထက်မြက်စေချင် တယ်။ ဒါပါပဲ။ ကျန်တဲ့ဟာတော့ ကျွန် တော်လိုက်ပြီး မတားဆီးပါဘူး။ သီချင်း ပဲဆိုဆို၊ ကကပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here