ငယ်ငယ်ကတည်းက ဂီတကို ဝါသနာပါတာ ပါဆိုတဲ့နန်းဆုဦး

0
279

သရုပ်ဆောင် နန်းဆုဦးကတော့ လတ်တလော မှာ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကလည်း ကောင်းမွန်ပြီး သပ်ရပ်တာကိုလည်း သိရပါတယ်။ ဂီတပိုင်းမှာလည်း သူ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဆိုရင် ဆိုသလောက် ပရိသတ်ရင်ထဲရောက် နေတဲ့အတွက် ဂီတနဲ့ ပတ်သက် ပြီး အမှတ်တရတွေ၊ ဂီတကို စိတ်ဝင်စား ပုံတွေကို မေး ကြည့်တဲ့အခါမှာတော့ နန်းဆုဦးက…

”နန်းဆုက ငယ် ငယ်ကတည်းက ဂီတဘက်လဲ အရမ်းဝါသ နာပါတယ်။ ငယ်ငယ်ကတည်းက သီချင်းဆိုရတာ ဝါသနာပါတာ ကျောင်း မှာဆိုရင်လည်း အမြဲတမ်းဆိုဖြစ်တယ်။ Musical Instruments တွေ ကိုလည်း လေ့လာရတာ အရမ်းဝါသ နာပါတယ်။ ကိုယ်က ဂီတနဲ့ဝါသနာ ပါပြီး သားဆိုတော့ အရမ်းကြီး မစိမ်းဘူး။ အခုခေတ်မှာလည်း ဂီတကို စိတ်ဝင်စားတဲ့သူတွေအတွက် သီချင်းဆို ပြိုင် ပွဲတွေ ရှိလာတာလည်း အရမ်းကောင်းတယ်ပေါ့နော်။ အခု ကိုယ်ဆိုထားတဲ့ သီချင်းအတွက် သီ ချင်းဆိုပြိုင်ပွဲ တွေ ရှိလာတာလည်း အရမ်းကောင်းတယ်ပေါ့နော်။ အခု ကိုယ်ဆိုထားတဲ့ သီချင်းတွေကိုလည်း ပရိသတ် တွေ ကြိုက်ကြတယ်။ အဲဒီအတွက်လည်း ဝမ်းသာမိ တယ်။ ညီမက သီချင်းနဲ့ပတ်သက်ရင် အမြဲတမ်းလည်း မဆိုဖြစ်ဘူးဆိုတော့ တစ်ပုဒ် ဆိုမယ်ဆိုလို့ ရှိရင်လည်း ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေပေါ့နော်။ ကိုယ် သေချာလေးလေ့လာပြီးဆိုဖြစ်သွားတော့ ကောင်းတာပေါ့။ ဂီတနဲ့ပတ် သက်ရင်တော့ အဲဒီလိုမျိုးလေးတွေပဲ ဆိုဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဂီတပိုင်းမှာလည်း သရုပ်ဆောင်ပိုင်းမှာလည်း ဗီဒီယိုဈေးကွက်တွေမှာ သရုပ်ဆောင်စဖြစ်တဲ့ လူ တစ်ယောက် ဆိုတော့ အခုလိုဗီဒီယိုဈေးကွက်ပျက် နေတဲ့အချိန်မှာ ရုပ်ရှင်ပဲအဓိကရိုက် ဖြစ်နေလားလို့ မေးကြည့်တဲ့အခါမှာ တော့ နန်းဆုဦးက…

”ညီမတို့ နည်း နည်းတော့ ညှိပြီး ရိုက်ရတာပေါ့။ ဗီဒီယိုကျတော့ သူက တစ်လကို ၄ ကားတို့၊ ၃၊ ၄၊ ၅ ကား အဲဒီလိုမျိုး ရိုက် ကြရတော့ ပရိသတ်တွေနဲ့လည်း အမြဲတမ်းထိတွေ့ခွင့် ရတယ်။ အခုကျ တော့ အဲဒီလိုမျိုး မထွက်တော့ ကိုယ့် ပရိသတ်တွေကလည်း ကိုယ့်ကားတွေကို အရမ်းကြည့် ချင်တယ်။ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုတွေ ကြည့်ချင် တဲ့အချိန်ကျတော့ ရုပ်ရှင်ကားကြည့် ပြန်တော့လည်း သဘောက ဟိုအ ကြာကြီး စောင့်ပြီးမှ ကြည့်ရတဲ့အခါ ကျတော့ နည်းနည်းညှိရတာပေါ့။ ပြီးတော့ ဇာတ်လမ်း တွဲလေးတွေဆိုလည်း ညီမရိုက်ပေးတယ်။ ကာရိုက်တာ လေးတွေ ရွေးချယ်ပြီး ဇာတ်လမ်းလေးတွေ ရွေးချယ် ပြီး ရိုက်ကူး ဖြစ်တယ်။ အဲဒါမှလည်း ကိုယ့်ပရိ သတ်နဲ့ နီးနီးကပ်ကပ်ရှိနေသလို ခံစားရပြီး ပရိသတ်တွေကို နန်းဆုရဲ့ အနုပညာတွေကို ချပြခွင့်ရမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here