Star Awards က ချီးမြှင့်​မယ့်​ဆုမှာ ဇာတ်​ဝင်​တေးသီချင်းဆုပါ ချီးမြှင့်​မယ်​ဆိုတာတကယ်​ကောင်းပါတယ်​ခင်​ဝင့်​ဝါ

0
219

အလှမယ်​ တစ်​ယောက်​အနေနဲ့ ပရိသတ်​တွေ ချစ်​ကြသလို သရုပ်​ဆောင်​တစ်​ယောက်​အနေနဲ့လည်း ပရိသတ်​တွေ အားပေးကြတဲ့ အနု ပညာရှင်​ကတော့ ခင်​ဝင့်​ဝါပါ။ သူ့ ရဲ့ချစ်​ဖို့ကောင်းတဲ့ အမူအရာနဲ့ ပရိ သတ်​တွေကို ဆွဲဆောင်​နိုင်​တဲ့ သရုပ်​ဆောင်​တစ်​ယောက်​လည်း ဖြစ်​ပါ တယ်​။ အကယ်​ဒမီပေးပွဲကနီးလာပြီ ဖြစ်​တဲ့ အတွက်​ အနုပညာရှင်​ညီအစ်​ကို မောင်​နှမတွေအားလုံးအတွက်​ ရင်​ခုန်​နေတယ်​ဆိုတာကို ခင်​ဝင့်​ဝါ က…

”အခုမကြာခင်​အချိန်​အတွင်းမှာ လည်း အကယ်​ဒမီပေးပွဲက ကျင်းပ တော့မယ်​။ ဒီနှစ်​ဆန်​ကာတင်​ စာ ရင်းဝင်​တဲ့ ရုပ်​ရှင်​ဇာတ်​ကားတွေက လည်း အများကြီးပဲ။ သရုပ်​ဆောင်​ထားတာတွေလည်း တကယ်​ကောင်း တယ်​။ ညီမကိုယ်​တိုင်​လည်း ရုပ်​ရှင်​ကားတွေ တော်​တော်​များများသွား ကြည့်​ဖြစ်​တယ်​။ အကယ်​ဒမီဆုကို အနုပညာရှင်​ အကုန်​လုံးကိုလည်း ရ စေချင်​တယ်​။ အကုန်​လုံးကလည်း တကယ်​တော်​ကြတယ်​”လို့ ပြောပြခဲ့ ပါတယ်​။ အကယ်​ဒမီဆုအပြင်​ သတင်းစာဆရာအသင်းက ချီးမြှင့်​ မယ့်​ Star Awards ဆုပေးပွဲပါ ပေါ် ပေါက်​လာတဲ့အတွက်​ ညီမတို့ အနု ပညာလောကအနေနဲ့ အားတက်​စရာပါလို့လည်း Star Awards ဆု ပေးပွဲနဲ့ ပတ်​သက်​ပြီး သူ့ရဲ့အမြင်​ကိုလည်း ပြောပြခဲ့ပါသေးတယ်​။

Star Awards ဆုပေးပွဲမှာ ဇာတ်​ဝင်​တေးသီချင်းဆုကိုပါ ပေးမှာ နဲ့ ပတ်​သပ်​ပြီး ခင်​ဝင့်​ဝါက…

”အခု Star Awards ဆုပေးပွဲက ဇာတ်​ဝင်​တေးသီချင်းဆုပါပေးမယ်​လို့ ကြား တယ်​။ ဂီတလောကရယ်​၊ ရုပ်​ရှင်​လောကရယ်​ဆိုတာက အနုပညာ သမား အချင်းချင်းပဲလေ။ ဆုချီးမြှင့် တယ်​ဆိုတာ ကောင်းမွန်​တဲ့အရာ တစ်​ခု။ ညီမတို့ကိုယ်​တိုင်​လည်း ရုပ်​ရှင်​တစ်​ကားကြည့်​ရင်​ ရုပ်​ရှင်​ဇာတ်​ဝင်​တေးတွေကို ကြိုက်​တာတွေရှိ တယ်​။ အခုလိုမျိုး ဇာတ်​ဝင်​တေးဆုပါ ပေးတဲ့အတွက်​လည်း တကယ်​ကောင်းပါတယ်​”လို့ ပြောပြခဲ့ပါ တယ်။ Star Awards ဆုပေးပွဲမှာ ကိုယ်​တို့ပါဝင်​သရုပ်​ဆောင်​ထားတဲ့ ကိုယ်​စောင့်​နတ်​ဇာတ်​ကားလည်း ပါဝင်​နေတဲ့ အတွက်​ ခင်​ဝင့်​ဝါရဲ့ ရင်​ခုန်​မှုကိုမေးမြန်းကြည့်​တဲ့အခါ ညီမ ကတော့ ကိုယ့်​ကိုယ်​တိုင်​အတွက်​ သိပ်​ရင်​မခုန်​ပါဘူး။ ကိုယ်​စောင့်​နတ်​ဇာတ်​ကားက ကိုထူးအောင်​၊ ကိုလွှမ်း ပိုင်​၊ ကိုဝေမင်းမောင်​တို့ အားစိုက်​ထုတ်​ထားတဲ့ ဇာတ်​ကားကောင်းတစ်​ကားပါ။Team Work ကောင်း ကောင်းနဲ့ လုပ်​ထားတဲ့ ဇာတ်​ကား ကောင်း တစ်​ကားလည်း ဖြစ်​တယ်​။ အခုလိုမျိုး Star Awards ဆုပေးပွဲမှာ ပါဝင်​တဲ့အတွက်​လည်း ပျော်​တယ်​။ ကိုထူးအောင်​၊ ကိုလွှမ်းပိုင်​တို့အတွက်​ ပိုပြီး ရင်​ခုန်​တယ်​။ သူတို့ကို ရစေချင်​တယ်​” လို့လည်း ပြောပြခဲ့ပါသေး တယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here