ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ
၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅ ရက်ည ၈ နာရီ ၄ မိနစ်ခန့်က အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများက အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ် အားလိုင်းကို အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြု ပြင်နိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
