CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကိုပြန်လည်ထိန်း ချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်က စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် သာယာကုန်း ကျေး ရွာ၊ အောက်တိုဘာ ၃၀ ရက်တွင် နတ်ချောင်းတံတား၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်း၊ နိုဝင် ဘာ ၄ ရက်နေ့တွင် ကနေဒီတောင်နှင့် ဝေဘူလစခန်း၊ နိုဝင်ဘာ ၈ ရက်တွင် ပွိုင့် ၂၀၆၄ တောင်ကုန်းတို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၉ ရက်တွင် သိုင်းငင်းစခန်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ပွိုင့် ၁၃၆၁ တောင်ကုန်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ဇောင်ကောင်ကျေးရွာ၊ ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီ ၂ ရက်တွင်ဇွယ်လေကျေးရွာ၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထင်းရှူးစခန်းကျေးရွာ၊ မတ် ၃၁ ရက်တွင် ပါသဲကျေးရွာ၊ ဧပြီ ၁၉ ရက်တွင် ဗားတံတား၊ ဧပြီ ၂၂ ရက်တွင် ခွန်လီကျေးရွာ၊ ဧပြီ ၂၃ ရက်တွင် ပွိုင့် ၁၇၁၀ တောင်ကုန်း၊ ကြောင်ဟင်ရှာကျေးရွာနှင့် ဆွန်ဟရန်ကျေးရွာ၊ ဧပြီ ၂၄ ရက်တွင် ဆူရ်ဘုန်လေဆိပ်နှင့် ဆီဇာမော်ကျေးရွာ၊ ယနေ့ ဧပြီ ၂၅ ရက်တွင် ဖလမ်းမြို့တို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးကာလအတွင်း၌ တိုက်ပွဲကြီး/တိုက်ပွဲငယ် (၁၀၉)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ ရုပ်အလောင်း(၁၉)လောင်း၊ လက်နက်မျိုးစုံ(၃၃)လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက ဒေသခံများ အန္တရာယ်ကင်းရှင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများအမြန်ဆုံးလည် ပတ်နိုင်ရေးတို့အတွက် မြေမြှုပ်မိုင်းများအားဖော်ထုတ်ှိင်းလင်းခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ အကြမ်းဖက်အဖွဲ့များဖျက်ဆီးခဲ့သည့် စာသင် ကျောင်းများ၊ ဆေးရုံ/ ဆေးခန်းများ၊ ရုံး/ဌာနအ ဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် နေအိမ်များကိုလည်း အမြန်ဆုံးပြန်လည်ပြု ပြင်ခြင်းနှင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့များ လုံးဝကင်းစင်ပပျောက်ရေးတို့အတွက် အကြမ်း ဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆက်လက်တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
