နေကြာပန်းသတိုးနွယ်…

0
196

မြေကြီးကို အုတ်နဲ့ခြစ်တော့
စိတ်စွဲလန်းရာ
မင်းနာမည်။
တစ်သီးစား ရာသီကို မျှော်ရင်း
ကျောက်ချငေးသူ သက်ရောက်မှု
သံယောဇဉ်ခပ်ပါးပါး ယှက်ခေါ်သံ
အရိုင်းဆန်ဆန် ဆာလောင်မှု
ကျက်စားရာ ဒိုင်ယာရီလေးဆီ
ဝံပုလွေတစ်ကောင်လို
ဘယ်စပျစ်သီးကိုမှ မချဉ်လိုကြောင်း
တစ်စစ်စစ်ထိုး ကိုက်နေတဲ့
စွဲလမ်းစိတ်ကို
ဘယ်ဓာတ်ခွဲခန်းမှာမှ
ဖောက်မစစ်ပါရစေနဲ့
ဒါဟာ
လူတွေသိလေ ပိုကောင်းလေဆိုတဲ့
သီချင်းစာသားတွေမှမဟုတ်ဘဲ
မေတ္တာတရားကို
လွန်းတင်အောင် မကျစ်နိုင်ခဲ့ဘူး
ငါက
နေရာရှိရာကို မျက်နှာမူရတဲ့ ပန်းပါ
မြိုမြိုသိပ်သိပ်ဆာလောင်
သိုသိုသိပ်သိပ် လောင်ကျွမ်း

သတိုးနွယ် (စက်မှု – မကွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here