အဆိုတော် ကျားပေါက်ကတော့ လက်ရှိမှာ The Voice Myanmar Season – 2 မှာ Coach တစ်ဦး အဖြစ် ပါဝင်နေပါတယ်။ Coach တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အဆိုတော် ကျားပေါက်က ခုလိုပြောပြခဲ့ပါတယ်။
”ဒီနှစ်မှာလည်း ကိုယ်လုပ်နိုင် သလောက် လုပ်ကြည့်ဦးမယ်ဆိုပြီး လုပ်လိုက်တာပါ။ သီချင်းရွေးပေးရ တာတို့ ဘာတို့ သေချာစဉ်းစားပြီး ရွေးပေးရတယ်။ ရှေ့နှစ်တုန်းကတော့ ကျွန်တော်မရွေးခိုင်းခဲ့တဲ့သီချင်းတွေ ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ကျတော့လည်း သူတို့ဆိုချင်တာပေါ့။ အဲ့တာလေးတွေလည်း ကျွန်တော် ဒီနှစ်မှာ ထည့်တွက်ချင်တယ်။ သူတို့က ပြိုင်ပွဲဝင်တွေလေ တစ်ခါတစ်လေ ဒီပွဲက သူတို့အတွက် နောက်ဆုံးလည်း ဖြစ်သွားနိုင်တယ်။ အဲ့ဒီအချိန်မှာ သူတို့ဆိုပြချင်တဲ့သီချင်းကို မဆိုပြလိုက်ရဘူးဆိုတာမျိုးလည်း ကျွန်တော် မဖြစ်စေချင်ဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက တချို့တစ်လေ အဲလိုဖြစ်သွား တယ်။ အဲ့တာလေးကို ကျွန်တော် ဒီနှစ်မှာ ဂရုစိုက်ရမယ်” လို့ ပြောပြခဲ့ပါတယ်။ သူကတော့ The Voice Myanmar Season – 1 မှာလည်း Coach တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ Coach တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့သူ့ရဲ့ အသင်းထဲက ပြိုင်ပွဲဝင်တွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
”ဒီနှစ်မှာလည်း ကျွန်တော့်အသင်းမှာ တော်တော်ဆိုနိုင်တဲ့သူတွေ ပါဝင်ပါတယ်။ တချို့ Artist တွေကျ တော့ Winner ရနိုင်တာ မရနိုင်တာထက် ကျွန်တော် တွဲပြီးအလုပ်လုပ် ကြည့်ချင်တယ် အဲလိုမျိုးတွေလည်း ပါတယ်။ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ သူတို့နဲ့ Studio ထဲမှာ ဘယ်လိုတွေလုပ်လို့ရမယ်ဆိုတာရှိတယ်။ အသံကတော့ အားလုံးလည်း ကောင်းကြပါတယ်။ ကောင်းကြတဲ့ထဲမှာမှ ကိုယ်က ပရိသတ်နဲ့ ဘယ်လောက်နီးစပ်အောင် လုပ်ပေးလို့ရတယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ အဲဒီမှာ ပြဿနာက ဘာလဲဆိုတော့ ကိုယ်တိုင်လည်း တစ်ခါတစ်လ ပရိသတ်နဲ့ အရမ်းမနီးစပ်ဘူး။ လွဲတတ် တဲ့အခါလေးတွေရှိတယ်”လို့ ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်